ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
Book(33)
Chapter-4
(ကျွန်မကို တပည့်အဖြစ် လက်ခံပေးပါ)
ယီယွမ်ကို နောက်တစ်ကြိမ်
မြင်ရချိန်တွင် ရှောင်ရူယန်၏ မျက်ရည်များက နောက်တစ်ကြိမ် နာကျင်စွာဖြင့် စီးကျလာခဲ့သည်။ယီယွမ်က တဟဲဟဲရယ်မော၍ ပြောလိုက်၏။ "ဒီကိစ္စက ဘယ်လောက်အထိ ကြီးမားတဲ့ကိစ္စမို့လဲ… ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့အထိ လုပ်စရာ လိုလို့လား...ဒီလိုမျိုး မိန်းမလှလေးကို ရရှိဖို့အတွက် ဒီလောက်အထိ များပြားတဲ့ လူတွေက တိုက်ခိုက်နေကြတယ်… တကယ်လို့ မင်းသေသွားမယ်ဆိုရင် ဘယ်လောက်အထိ သနားစရာ ကောင်းလိုက်မလဲ… မင်းကိုယ်မင်း အိမ်က ပန်းအိုးထဲ ထည့်ထားလိုက်တာက တော်တော်ကောင်းပါတယ်….."
"ဟီးဟီး….."
ယီယွမ်၏စကားအဆုံးတွင် ရှောင်ရူယန်၏ မျက်ရည်များ စီးကျနေသော မျက်နှာ၌ အပြုံးများ ပေါ်ပေါက်လာခဲ့သည်။ ယီယွမ်၏မျက်နှာကိုကြည့်၍ ရှောင်ရူယန်က နှုတ်ခမ်းစူပြီး ပြောဆိုလိုက်၏။ "ရှင်က တစ်ခါလောက် စကားကောင်းကောင်း ပြောလို့မရဘူးလား… ကလေးကလားဆန်လိုက်တာ….."
သူမ၏မျက်လုံးများက တက်ကြွသော ခံစားချက်များ ပြည့်နှက်နေပြီး လူအများကို သေစေနိုင်လောက်သည်အထိ ညှို့ယူနိုင်ပေသည်။ ကြည့်ရှုနေသော ယီယွမ်ပင် အရိပ်အယောင်တစ်ခုသို့ ကျရောက်သွားခဲ့ရ၏။
"ဟားဟား… အခြေအနေက အတော်ကလေး ကိုးရိုးကားရားဖြစ်နေတယ်လို့ ငါတော့မမြင်ပါဘူး… အသက်ဆက်ရှင်ဖို့ မကောင်းဘူးလား….." ယီယွမ်က အနည်းငယ် ကိုးရိုးကားရားဖြစ်နေဟန်ဖြင့် ပြောဆိုလိုက်သည်။
သို့သော် ရှောင်ရူယန်၏ မျက်လုံးများက မှုန်မှိုင်းသွားခဲ့ပြီး ကတ်သီးကတ်သတ် အော်ပြောခဲ့ပေ၏။ "ရှင်ကျွန်မကို မကယ်ခဲ့သင့်ဘူး….."
"အမ်… ငါမင်းကို မကယ်ဆယ်ရသေးဘူး မဟုတ်လား… ဟီးဟီး… မင်းလို မိုက်မဲတဲ့ မိန်းကလေး… ဒီလိုမျိုး ကိစ္စကို လုပ်ဆောင်ဖို့ တွေးခဲ့နိုင်တယ်ပေါ့….." ယီယွမ်က အပြုံးတစ်ခုဖြင့် ပြောဆိုလိုက်သည်။
BINABASA MO ANG
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)
Fantasy(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...