ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
Book(34)
Chapter-5
(ရှန့်ကွမ်လင်ယွင်၏ ကြိုတင်မှန်းဆချက်)
ယီယွမ်၏စကားသံ ဆုံးသွားသည်နှင့် လူတိုင်း၏ နှလုံးသားများက ဇောက်ထိုးမိုးမျှော် ဖြစ်သွားခဲ့၏။
"ငါက ကြားရတာ နည်းနည်း ခက်ခဲနေတယ်… စောစောလေးက ဂျိချင် ဘာပြောလိုက်တာလဲ….."
"သူ… သူက သတ္တမမင်းသားကို စိန်ခေါ်နေတာပေါ့… ငါက မှားပြီးတော့ ကြားနေရတာ မဟုတ်ပါဘူးနော်….."
"ငါ့ရဲ့လက်ရှိ ခံစားချက်ကို ဘယ်လိုစကားလုံးတွေနဲ့ ဖော်ပြရမလဲဆိုတာ ငါတကယ် မသိတော့ဘူး… ဒီလောကမှာ ရှန့်ကွမ်လင်ယွင်ကလွဲပြီး သတ္တမမင်းသားကို စိန်ခေါ်ရဲတဲ့သူတစ်ယောက် တကယ်ပဲ ရှိလာခဲ့ပြီလား….."
"ဟုတ်တယ်… သတ္တမမင်းသားက အစစ်အမှန်အသိကို နားလည်သဘောပေါက်ခဲ့တဲ့ ဂျီးနီးယပ်သိုင်းပညာရှင် တစ်ယောက်ဖြစ်လို့ ဟောင်ဝမ်ချိုးနဲ့၊ အခြားသူတွေနဲ့ လုံးဝကွာခြားတဲ့ အဆင့်တစ်ခုမှာ ရှိနေတာလေ… ဂျိချင်က… သူ့ကိုတောင် တကယ်ပဲ စိန်ခေါ်ရဲခဲ့တယ်ပေါ့….."
"အခုအချိန်မှာ တစ်စုံတစ်ရာက တော်တော်လေး မှားယွင်းနေတယ်လို့ ငါက ဘာကြောင့်ခံစားနေရတာလဲ… ဒီဟာက ကြင်ယာတော်ရှာဖွေခြင်း သိုင်းပြိုင်ပွဲ မဟုတ်ဘူးလား… ဘာလို့များ သိုင်းပညာရပ်တွေရဲ့ တံခွန်စိုက်ပြိုင်ပွဲအဖြစ် ရုတ်တရက် ပြောင်းလဲသွားခဲ့တာလဲ… သတ္တမမင်းသားက ရှန့်ကွမ်လင်ရှဲ့ကို ပိုးပန်းနေတာ လူသိရှင်ကြားကိစ္စပဲလေ… ဂျိချင်က သူ့ကို ရန်စစော်ကားမှု မရှိဘူးဆိုရင် သူက အောက်ကိုဆင်းလာဖို့ မဖြစ်နိုင်ဘူး….."
ယီယွမ်၏ စကားများက ချက်ချင်းပင် မြေကွက်လပ်တစ်ခုလုံးကို ပေါက်ကွဲသွားစေခဲ့သည်။
မြို့တော်၏ လူငယ်မျိုးဆက် နံပါတ်တစ်၊ လေအင်ပါယာရာထူးအတွက် တစ်,ပြေးနေသူကို စိန်ခေါ်ရန်အတွက် မည်မျှမြင့်မားသော ခွန်အားနှင့် မည်မျှအထိ ကြီးမားသော ရဲစွမ်းသတ္တိတို့ လိုအပ်မည်နည်း။
YOU ARE READING
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)
Fantasy(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...