ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
Book(38)
Chapter-10
(မင်းက အရမ်းသန်မာတယ်)
သိုင်ယွီဟန်၏ စကားကိုကြားသော် ယီယွမ်က ရုတ်တရက် သူ၏ နှုတ်ခမ်းထောင့်မှ နီရဲသောသွေးများကို သုတ်လိုက်ပြီး ပြုံး၍ ပြောဆိုခဲ့သည်။
"စိတ်ဝိညာဉ်ပင်လယ်နယ်ပယ်က တကယ်
အစွမ်းထက်တာပဲ… ကြည့်ရတာ ကျုပ်က အကြီးအကဲသိုင်ရဲ့ခွန်အားကို အထင်သေးမိနေတာပဲ… အကြီးအကဲသိုင်ရဲ့ခွန်အားက အဆင့်(1) စိတ်ဝိညာဉ်ပင်လယ်နယ်ပယ် ထူးချွန်သူတွေအကြားမှာ အရမ်းသန်မာတယ်… ဒါပေမဲ့ ဒီတစ်ကွက်တည်းနဲ့ ကျုပ်ကိုခေါ်သွားချင်ရင်တော့ မလုံလောက်သေးဘူး….."သိုင်ယွီဟန်က သူ၏ခေါင်းကိုခါယမ်း၍ သက်ပြင်းတစ်ချက်ချကာ ပြောဆိုလိုက်၏။ "ဂျီးနီးယပ်တွေအားလုံးမှာ သူတို့ကိုယ်ပိုင် ဂုဏ်ယူဝံ့ကြွားမှုတွေ ရှိကြတယ်လို့ ငါသိပါတယ်… ဒါပေမဲ့ ဒီအဆင့်အထိ မင်းက စွမ်းဆောင်နိုင်တယ်ဆိုတာ တော်တော်ချီးကျူးစရာ ကောင်းနေပြီ… တကယ်လို့ မင်းက ရှုံးနိမ့်သွားရမယ်ဆိုရင်တောင် ရှက်စရာ ဘာမှမရှိပါဘူး….."
သိုင်ယွီဟန်၏အမြင်တွင် ယီယွမ်က ခေါင်းမာပြီး ရှုံးနိမ့်မှုကို လက်မခံနိုင်သော လူတစ်ယောက် ဖြစ်နေခဲ့သည်။
ဂျီးနီးယပ်များ၏ ကိစ္စတွင် သူတို့၏ အရည်အချင်းများက သာမန်လူများနှင့် ယှဉ်လိုက်လျှင် ပို၍ မြင့်မားနေခဲ့၏။ သို့သော် သူတို့က ခြေချော်လက်ချော် ရှုံးနိမ့်ခဲ့ရလျှင်ပင် ရှုံးနိမ့်မှုကို လက်ခံရန်ခက်ခဲကြောင်း တွေ့နေရသည်။
ယီယွမ်က အဆင့်(1) ပင်လယ်အသွင်ပြောင်းလဲခြင်း နယ်ပယ်နှင့် သူ့ကိုဤအခြေအနေအထိ ရင်ဆိုင်နိုင်ခဲ့ခြင်းမှာ အမှန်တကယ်ပင် အလွန်လေးစားစာ ကောင်းနေခဲ့ပေ၏။
"ရှုံးနိမ့်မှာလား… ဟားဟား… ကျုပ်က မရှုံးနိုင်ပါဘူး… ဒါကြောင့် ကျုပ်ရဲ့တစ်ခုတည်းသော နည်းလမ်းက အကြီးအကဲသိုင်ကို အစွမ်းကုန်ထုတ်ပြီး အနိုင်ယူဖို့ပဲ….."
CZYTASZ
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)
Fantasy(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...