ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
Book(42)
Chapter-10
(လမ်းဖောက်ပေးခြင်း)
ယီယွမ်က ရန်ရှင်းချွန်းကိုကြည့်၍ စိတ်ထဲ၌ အလွန်ရယ်ချင်နေခဲ့သည်။
အကယ်၍ အတိတ်တွင်ဆိုပါက ဤအဖိုးကြီးက လက်ဝါးတစ်ချက် ထုတ်ဖော်၍ ဖြေရှင်းမည်သာ ဖြစ်၏။ သို့သော် ယခု သူက ယီယွမ်နှင့် အကျိုးသင့်အကြောင်းသင့် ပြောဆိုနေခဲ့ရသည်။ ထိုအရာကလည်း နှိပ်စက်ညှင်းပန်းခြင်းတစ်မျိုး ဖြစ်၏။
သို့ရာတွင် ယီယွမ်က သူ၏အတွေးများကို ပြောင်းလဲပစ်ရန် အစီအစဉ် မရှိခဲ့ပေ။
ကျယ်ပြန့်သောကောင်းကင်က ငှက်တစ်ကောင်ကို ပျံသန်းခွင့်ပေးနိုင်သလို ကျယ်ပြန့်သော ပင်လယ်ကြီးကလည်း ငါးတစ်ကောင်ကို ကူးခတ်နိုင်ခွင့်ပေးနိုင်ပေသည်။ သူက ဝူဖန့်မြို့ကဲ့သို့ မြို့ငယ်လေးတွင် အရှင်သခင်ငယ်ရာထူးကို လက်ခံ၍ နေထိုင်ရန် မဖြစ်နိုင်ပေ။
"ကျုပ်မှာ အနာဂတ်အတွက် ကိုယ်ပိုင်အစီအစဉ်တွေ ရှိတယ်… ဒီဝူဖန့်မြို့မှာ ဆက်ပြီးနေထိုင်ဖို့ မဖြစ်နိုင်ဘူး… ရန်တုံက ကျုပ်ကို သူ့ရဲ့ဆရာအဖြစ် တင်မြှောက်ထားခဲ့တဲ့အတွက် သူ့ကို လမ်းညွှန်ပေးဖို့ တာဝန်ရှိတယ်… ဒီအရှင်သခင်ငယ် ရာထူးအတွက် ကျုပ်က ခင်ဗျားအတွက် လူတစ်ယောက် အဆိုပြုပေးလိုက်မယ်….." ယီယွမ်က အေးအေးဆေးဆေး ပြောဆိုလိုက်၏။
ရန်ရှင်းချွန်းက အလွန်သိချင်သွားခဲ့သည်။ ယီယွမ်နှင့် ရန်တုံတို့မှလွဲ၍ အရှင်သခင်ငယ်ရာထူးနှင့် ထိုက်တန်သောသူ မည်သူရှိနိုင်မည်နည်း။
"ပြောပြစမ်းပါ….."
ယီယွမ်၏ မျက်ဝန်းက ယီဟန်ဆီသို့ ရောက်ရှိသွားခဲ့ပြီး အပြုံးတစ်ခုဖြင့် ပြောဆိုလိုက်၏။ "အဝေးကို မျှော်ကြည့်နေပြီးတော့ ကိုယ့်ရဲ့မျက်စိရှေ့မှာရှိတဲ့ အရာတွေကို လျစ်လျူရှုထားတာပဲ….."
ယီဟန်က မှင်တက်သွားခဲ့ပြီး သူ့ကိုယ်သူ လက်ညှိုးထိုး၍ ပြောဆိုခဲ့သည်။ "ငါလား… ဒါက ဘယ်လိုဟာသမျိုးလဲ….."
ESTÁS LEYENDO
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)
Fantasía(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...