ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
Book(44)
Chapter-6
(တကယ်ကွာခြားတယ်)
လီဟုန်က ဤကဲ့သို့ အပြင်ရောက်လာခဲ့၏။ သို့သော် သူက လုံးဝပင် စိတ်ဓာတ်မကျခဲ့ပေ။
ဤတစ်ကြိမ် ကျယ်ပြန့်သော ကောင်းကင်ဘုံဘုရား ခရီးစဉ်တွင် သူရည်မှန်းထားခဲ့သော ရည်မှန်းချက်များ အောင်မြင်သည်ဟူ၍ ခံစားနေခဲ့ရပြီး အဖွဲ့သုံးဖွဲ့ကို ဘေးဖယ်ထားနိုင်သော အချက်ကို လုပ်ဆောင်နိုင်ခဲ့ပြီဖြစ်ကြောင်း သူက ခံစားလိုက်ရသည်။
ဤတစ်ကြိမ်တွင် သူက အဖွဲ့ကြီးသုံးဖွဲ့၏ အာရုံစိုက်မှုကို ရရှိပြီး အလွန်နာမည်ကြီးသော လူတစ်ယောက် ဖြစ်လာတော့မည်မှာ သေချာပေ၏။
သို့ရာတွင် ကျယ်ပြန့်သော ကောင်းကင်ဘုံဘုရား၏ အဓိကဝင်ပေါက်သို့ ရောက်လာချိန်၌ သူ့ကို မည်သူတစ်ဦးတစ်ယောက်မှ အာရုံမစိုက်ကြောင်း တွေ့လိုက်ရသည်။
လူတိုင်းက အလင်းမျက်နှာပြင်ကို စူးစိုက်ကြည့်နေခဲ့ကြပြီး အနည်းငယ်သာ ကျန်ရှိနေတော့သည့် နာမည်များမှတစ်ဆင့် အထဲတွင် မည်သည့်အရာ ဖြစ်ပျက်နေသည်ကို သူတို့က သိရှိလိုနေကြ၏။
ထူးဆန်းတယ်… ငါထွက်လာခဲ့ပြီလေ… သူတို့က ဘာတွေဆက်ကြည့်နေတာလဲ… ဒီအဖွဲ့သုံးဖွဲ့ရဲ့ တပည့်ခေါင်းဆောင်တွေက ဘယ်လောက်အထိ ထက်မြက်နေပါစေ ပဉ္စမအလွှာမှာ ငါ့ထက် ဘယ်သူမှ ပိုကြာအောင်မနေနိုင်ဘူးလေ…..လူဟုန်က သူ၏စိတ်ထဲမှ တွေးနေခဲ့မိသည်။
လူဟုန်က အလွန်သိချင်နေခဲ့၏။ သူက အပြင်သို့ရောက်လာသည်ကို လူတိုင်းက သတိပြုမိခဲ့ကြပြီးဖြစ်သည်။ သို့သော် မည်သည့်အတွက် သူ့ကို လူတစ်ယောက်မှ အာရုံမစိုက်ကြသနည်း။
သူ၏ယခင်တွက်ချက်မှုအရ လက်ရှိအချိန်၌ သူ့အား အဓိကအဖွဲ့ကြီးများ ဝန်းရံနေကြမည်ဖြစ်ပြီး သူ့ကို အဆုံးမဲ့မဟာမိတ်အဖွဲ့သို့ ပူးပေါင်းရန် နင်ရီရှန်းတို့က နွေးနွေးထွေးထွေး ဖိတ်ခေါ်သင့်ပေ၏။
သို့သော် သူ၏မျက်စိရှေ့မှ အဖြစ်အပျက်တိုင်းက သူကြိုတင်ခန့်မှန်းထားခဲ့သော အရာများနှင့် အလွန်ကွာခြားနေခဲ့သည်။
YOU ARE READING
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)
Fantasy(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...