ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
Book(39)
Chapter-7
(မိန်းမလှလေးတွေကို ရန်စလို့မရဘူး)
လိုက်လျောညီထွေမရှိသော အသံတစ်ခုက ဘေးမှနေ၍ ထွက်ပေါ်လာခဲ့သည်။ ယီယွမ်နှင့် အခြားသုံးယောက်က လှည့်ကြည့်လိုက်သောအခါ လူငယ်တစ်ယောက်က လက်ရှိအချိန်တွင် သူတို့ကို အေးစက်စွာ ကြည့်နေသည်အား မြင်လိုက်ရ၏။
ဤလူငယ်လေးက မကျေနပ်ဖြစ်နေသော အကြည့်တစ်ခု ပေါ်နေခဲ့သည်။ သိသာစွာပင် သူက ယီယွမ်၏ စောစောလေးက မောက်မာဝံ့ကြွားသော စကားများကို ကြားသွားခဲ့ခြင်း ဖြစ်၏။
ဤလူငယ်လေးကိုမြင်သော် ရှုကျိဟွေနှင့် ပေါင်စန်းကွေ့တို့၏ မျက်နှာများက ပြောင်းလဲသွားခဲ့သည်။ "သခင်လေးရန်တုံ….."
"ဒါဆို မင်းတို့တွေပေါ့… မင်းတို့က ကမ္ဘာကြီးအကြောင်း နားမလည်သေးတဲ့ တောသားတစ်ယောက်ကို ဘယ်နေရာကနေ ရှာပြီးတော့ ဒီနေရာကို ခေါ်လာခဲ့တာလဲ….." ရန်တုံက ရှုကျိဟွေနှင့် ပေါင်စန်းကွေ့တို့ကို တည်တည်ငြိမ်ငြိမ်ဖြင့် တစ်ချက်ကြည့်လိုက်၏။ သိသာစွာပင် သူက ထိုနှစ်ယောက်ကို သိရှိပေသည်။
"ဒါက….." ရှုကျိဟွေက ရှင်းပြတော့မည့်အချိန်တွင် ရန်တုံက သူ၏လက်ကို ခါယမ်း၍ တားဆီးလိုက်၏။
"ထားလိုက်တော့… ဒီလို အမှိုက်မျိုးကိုသိရဖို့ ငါစိတ်မဝင်စားဘူး….." ရန်တုံက ယီယွမ်၏ မှော်ဆေးပညာရှင်မာစတာ တံဆိပ်ပြားကို တစ်ချက်ကြည့်၍ အထင်သေးနေသော အကြည့်ဖြင့် ပြောဆိုခဲ့သည်။
"မှော်ဆေးပညာရှင်မာစတာ ငချွတ်ကလေးတစ်ယောက်… ဒီဝူဖန့်မြို့မှာ နှိမ့်နှိမ့်ချချ နေထိုင်တာ အကောင်းဆုံးပဲ… မှော်ဆေးပညာရှင် အစည်းအရုံးရဲ့ စစ်ဆေးမှုက အချို့ဘာမဟုတ်တဲ့လူတွေ အောင်မြင်နိုင်တဲ့ အရာမဟုတ်ဘူး….."
စကားအဆုံးတွင် ရန်တုံက ခြေလှမ်းကျဲကြီးများဖြင့် ထွက်ခွာသွားခဲ့၏။ ရှုကျိဟွေတို့နှစ်ယောက်က အမှန်တကယ်ပင် ထိုအကြောင်းကို ရှင်းမပြခဲ့ရပေ။
ESTÁS LEYENDO
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)
Fantasía(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...