ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
Book(41)
Chapter-12
(ခေါင်းပေါ်သို့ သံရိုက်ထည့်ခြင်း)
ယီယွမ်၏ စကားတိုင်းက ရန်ရှင်းချွန်း၏ နှလုံးသားကို လေးလံသောလက်သီးဖြင့် ထိုးနှက်နေသလို ဖြစ်နေခဲ့သည်။
ထိုသို့သော ထူးချွန်သည့် ဂျူနီယာတစ်ယောက်ကို ပိုင်ဆိုင်ခွင့်ရရန်အတွက် မိသားစုတိုင်း ကလန်တိုင်းက အစွမ်းကုန်မျှော်လင့်နေကြ၏။
တစ်စုံတစ်ယောက်၏ ဦးနှောက်ကို အသုံးမပြုဘဲ ခြေဖနောင့်ကို သုံး၍ စဉ်စားမည်ဆိုလျှင်ပင် ယီယွမ်၏ အနာဂတ် အောင်မြင်မှုများက အံ့မခန်းပင်ဖြစ်ကြောင်း ထိုသူက သိရှိပေမည်။
သို့သော် ယခု ရန်ရှင်းချွန်းက ထိုပုဂ္ဂိုလ်မျိုးကို ရန်စစော်ကားခဲ့မိပြီဖြစ်သည်။
အမှန်တကယ်တွင် ရန်စစော်ကားမိခြင်းက ရန်စစော်ကားမိခြင်းသာ ဖြစ်၏။ အကယ်၍ ထိုလူက သာမန်လူသာဖြစ်လျှင် ရန်ရှင်းချွန်းက သူ၏ စည်းမျဉ်းများအတိုင်း တစ်ထပ်တည်း လုပ်ဆောင်မည်ဖြစ်သည်။
သို့သော် ပြဿနာမှာကား သူက ယီယွမ်ကို မည်သည့်အရာမှ မလုပ်ဆောင်နိူင်၍ ဖြစ်ပေ၏။
"ဟမ့်… မင်းရဲ့အသက်ငယ်ငယ်လေးနဲ့ ဘာသိမှာလဲ… ငါလုပ်ခဲ့သမျှ အရာအားလုံးက ရန်မိသားစုအတွက်ပဲ… ငါ့ကြောင့်သာ မဟုတ်ဘူးဆိုရင် ရန်မိသားစုက ချောင်မိသားစုကို အသာစီးရယူပြီးတော့ ဝူဖန့်မြို့ရဲ့ အမြင့်ဆုံးအဆင့်မှာ ခိုင်ခိုင်မာမာ ရပ်တည်နိုင်ဖို့ဆိုတာ ဘယ်လိုဖြစ်နိူင်မှာလဲ….."
ရန်ရှင်းချွန်းက အလွန်စိတ်ကြီးဝင်နေခဲ့သည်။ အကယ်၍ သူက ယီယွမ်အတွက် နောင်တရနေခဲ့လျှင်ပင် ဂျူနီယာဖြစ်သည့် ယီယွမ်ကို ဦးညွှတ်ပေးရန် လုံးဝမဖြစ်နိုင်ပေ။
ထို့ပြင် သူလုပ်ခဲ့သည်များက မှားယွင်းသည်ဟု သူလုံးဝ မခံစားခဲ့ရပေ။
ဤအရာက လက်တွေ့အကျဆုံး လုပ်ဆေင်ရမည့်အရာဖြစ်၏။
"ဟားဟားဟား… အဖိုးကြီးက တကယ်ကို သဘောကျစရာပဲ… ဒီကိစ္စက ခင်ဗျားကိုယ်ခင်ဗျား ဇာတ်ကောင်အဖြစ်သုံးပြီး အခြားသူတွေကို ဟာသလုပ်ပေးနေတာလား….." ရန်ရှင်းချွန်း၏ စကားများကိုကြားသော် ယီယွမ်က အားပါးတရ ရယ်မောလိုက်သည်။
ESTÁS LEYENDO
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)
Fantasía(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...