ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
Book(35)
Chapter-11
(တောင်ပိုင်းကုန်းမြေ၏ ပြောင်းလဲမှု)
များပြားလှသော ပန်းပွင့်ဖတ်များက အသားကြိတ်စက် တစ်ခုသဖွယ် ခရမ်းနုရောင်စံအိမ်အဖွဲ့မှ တပည့်များ၏ အသက်ကို လက်လွတ်စပယ် နှုတ်ယူနေခဲ့ကြသည်။
အသက်ရှူချိန်တစ်ရာ ကြာမြင့်ပြီးနောက် တောင်ထိပ်တစ်ခုလုံးက သင်္ချိုင်းတစ်ခုသဖွယ် တိတ်ဆိတ်သွားခဲ့ကြ၏။
ယွဲ့မုန့်လီနှင့် စီနီယာအုပ်စုမှလွဲ၍ လူတိုင်းက ထိုမြင်ကွင်းကြောင့် မှင်တက်သွားခဲ့ပြီး ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့သည်။
ငြိမ်သက်တိမ်တိုက်အဖွဲ့မှ တပည့်အားလုံးက တိုက်ပွဲဖြစ်နေရာ နေရာ၏ အလယ်တွင်ရှိနေသော ထိုလူငယ်လေး၏ ခန္ဓာကိုယ်ကို စူးစူးနစ်နစ် စိုက်ကြည့်နေခဲ့ပြီး ထိတ်လန့်တုန်လှုပ်မှုကြောင့် စကားမပြောနိုင်သလို ဖြစ်သွားခဲ့၏။
ဤအခိုက်အတန့်တွင် ယီယွမ်က ဖင်းဂေါ့တစ်ကောင်နှင့် တူညီနေခဲ့သည်။ ငြိမ်သက်တိမ်တိုက်အဖွဲ့မှ တပည့်များပင် သူ့ကို အလွယ်တကူ မမှတ်မိနိုင်ခဲ့ပေ။
"အဲဒါက ယီယွမ်လား….."
အချိန်အတော်ကြာပြီးနောက် တစ်စုံတစ်ယောက်က အားနည်းစွာ မေးမြန်းလိုက်၍ နောက်ဆုံးတွင် တိုက်ပွဲဖြစ်ရာနေရာ၏ ငြိမ်သက်သွားမှုကို ဖျက်ဆီးပေးလိုက်၏။
ယီယွမ်က လှည့်ပတ်ကြည့်ရှုခဲ့သည်။ ထိုအချိန်၌ ရင်းနှီးကျွမ်းဝင်သော တစ်စုံတစ်ယောက်ကို တွေ့ခဲ့ရပေ၏။
"စီနီယာအစ်ကို ကျန်းကျင့်….." ယီယွမ်ကလည်း ဖျော့တော့သော အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။
ယီယွမ်၏စကားများကို ကြားသော် ကျန်းကျင့်၏ ခန္ဓာကိုယ်တစ်ခုလုံးက တုန်ယင်သွားခဲ့၏။ "ယီ… ယီယွမ်… အဲဒါက တကယ်ပဲ မင်းပေါ့… ဒါဆို မင်းအဆင်ပြေတယ်ပေါ့… အဲဒါက တကယ်ကောင်းပါတယ်….."
ထိုသို့ပြောရင်း ကျန်းကျင့်၏ မျက်လုံးများက မျက်ရည်ပူများကြောင့် အနည်းငယ် စိုစွတ်လာခဲ့သည်။
VOCÊ ESTÁ LENDO
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)
Fantasia(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...