ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
Book(38)
Chapter-12
(ကြီးမားသော ကောင်းကျိုးပြုမှု)
"အဟွတ်… အဟွတ်… အဟွတ်… ငါက အစောကြီးကတည်းက ပြင်းထန်သောမုန်တိုင်း ကမ္ဘာကြီးရဲ့ ဇာတိသားတစ်ယောက်လေ… သူတို့လို အမှိုက်တွေနဲ့ မပူးပေါင်းဖို့ဆိုတာက ဘာလို့ဖြစ်နိုင်မှာလဲ… မင်းက ပြင်းထန်သောမုန်တိုင်း ကမ္ဘာကြီးကို အရင်က ရောက်ဖူးခဲ့လို့ ငါက ငါ့ကိုယ်ငါ အမိန့်မပေးနိုင်တော့ဘူးဆိုတာကို မင်းသိသင့်ပါတယ်….."
သိုင်ယွီဟန်ကလည်း စိတ်ညစ်နေသော အမူအရာတစ်ခု ရှိနေခဲ့၏။ သိသာစွာပင် အဆုံးမဲ့ကမ္ဘာကြီးကို ကျူးကျော်သည့်ကိစ္စမျိုးအား သူက မနှစ်သက်ပေ။
ကမ္ဘာနှစ်ခုကြား စစ်ပွဲက မဆုံးနိုင်သည့် ဆုံးရှုံးမှုများနှင့် သေဆုံးရသည့် ဝိညာဉ်များလည်း မရေမတွက်နိုင်အောင် ရှိပေလိမ့်မည်။
"ခင်ဗျားကိုယ်ခင်ဗျား အမိန့်မပေးနိုင်ဘူး ဟုတ်လား… ခင်ဗျားရဲ့အသက်ကို ခင်ဗျားပိုင်တယ်… သူများတွေမပိုင်ဘူး… ကျောက်ထျန်းရင်က ခင်ဗျားတို့ မျက်လုံးထဲမှာ အထွတ်အမြတ် ပုဂ္ဂိုလ်တစ်ယောက် ဖြစ်ချင်ဖြစ်လိမ့်မယ်… ကြီးကျယ်မြင့်မြတ်လှတဲ့ လူတစ်ယောက်ပေါ့… ဒါပေမဲ့ သူ့မျက်လုံးထဲမှာ ခင်ဗျားတို့က ဘာတွေလဲဆိုတာကို သိကြရဲ့လား… ခင်ဗျားတို့က သူလုပ်ချင်ရာကို လုပ်ဆောင်ပေးနေတဲ့ လက်နက်တွေပဲ….." ယီယွမ်က အေးအေးဆေးဆေး ပြောဆိုခဲ့သည်။
သိုင်ယွီဟန်၏ အကြည့်က အနည်းငယ် ထက်ရှသွားခဲ့ပြီး သူ၏မျက်နှာအမူအရာက ရုတ်တရက် သွေးနီရောင်ကဲ့သို့ နီရဲလာခဲ့ကာ သူက ဒေါသတကြီး ပြောဆိုလိုက်၏။ "အရှင်လေအင်ပါယာကို မင်းကဘာလို့ ဒီလိုမျိုး မရိုမသေပြောဆိုရတာလဲ… တကယ်လို့ မင်းမှာအစွမ်းရှိတယ်ဆိုရင် ငါ့ကိုသတ်လိုက်… ဒီလိုမှမဟုတ်ရင် ဒီနေ့လှောင်ပြောင်တဲ့အတွက် မင်းကို သေချာပေါက် ပြန်ပေးဆပ်စေရမယ်….."
ယီယွမ်က သူ၏ခေါင်းကို ခါယမ်း၍ သက်ပြင်းတစ်ချက်ချကာ ပြောခဲ့သည်။ "ခေါင်းမာလိုက်တာ… ကျောက်ထျန်းရင်က အကန့်အသတ်မဲ့နယ်ပယ် ထူးချွန်သူတစ်ယောက်ပဲလေ… သူက လူသားတစ်ယောက်ပဲ ဖြစ်နေသေးတယ်… သူ့ကိုကြည့်ရတာကတော့ တည်ကြည်လေးနက်သလို ယူဆရတယ်… သူက ကျုပ်ရှေ့မှာ ဒူးထောက်လိုက်တဲ့အခါကျရင် သူက ခွေးတစ်ကောင် ဖြစ်မသွားဘူးလား….."
ŞİMDİ OKUDUĞUN
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)
Fantastik(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...