Chapter 403

1.3K 177 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

စာစဉ် ( ၃၁ )

Chapter-14

(ထိုကောင်လေး)

ယီယွမ်ကဲ့သို့ ပြိုင်ဖက်ကင်းသော အရည်အချင်းရှိသူ တစ်ယောက်ကို တွေ့ဆုံရသော လူတိုင်းက သူတို့၏ အရည်အချင်းကို မြတ်နိုးသောစိတ်၏ မွှေနှောက်ခြင်းကို ခံကြရပေမည်။

သို့သော် ထိုသို့သော
ဂျီးနီးယပ်တစ်ယောက်က ရန်သူဖြစ်နေလျှင် ထိုကိစ္စမှာ အလွန်ထိတ်လန့်စရာ ဖြစ်သည်။

စောစောလေးက ယီယွမ်၏ လှုပ်ရှားမှုများက ကြယ်တာရာချောက်ကို ခြိမ်းခြောက်မှုတစ်ခုအဖြစ် ခံစားသွားစေခဲ့ရသည်မှာ
သံသယဖြစ်ဖွယ်ရာမရှိပေ။

ယီယွမ်၏ လားရာက အလွန်ကြီးမားပေ၏။

ပြင်းထန်သောမုန်တိုင်း ကမ္ဘာကြီး၏ အစိတ်အပိုင်းတစ်ခုဖြစ်နေ၍ သူက ယီယွမ်ကို ကြီးထားခွင့်မပြုနိုင်ပေ။

သို့သော် ယီယွမ်က ယခုအချိန်တွင် စိုးရိမ်ခြင်းမရှိခဲ့ပေ။ ထိုအစား သူက အေးအေးဆေးဆေး ပြောဆိုလိုက်သည်။ "ခင်ဗျားက ကျုပ်ကိုမသတ်နိုင်တဲ့ အကြောင်းပြချက်တစ်ခု ကျုပ်ပေးနိုင်တယ်….."

ကြယ်တာရာချောက်က အံ့အားသင့်သွားသော်လည်း သူ၏ခေါင်းကို ခါယမ်း၍ ပြောခဲ့၏။ "အဲဒါက အသုံးမဝင်ဘူး… မင်းစောစောလေးက ထုတ်ပြလိုက်တဲ့ အဲဒီသိုင်းကွက် အနည်းငယ်ကြောင့် မင်းကို အသက်ရှင်ရက် ဆက်ထားလို့မရတော့ဘူး… ဒီလိုမှမဟုတ်ရင် အနာဂတ်မှာ အရှင်လေအင်ပါယာတောင် မင်းရဲ့ပြိုင်ဖက် ဖြစ်လာနိုင်တော့မှာ မဟုတ်ဘူး….."

ယီယွမ်က ပြုံး၍သာ မေးလိုက်သည်။ "ခင်ဗျား စောစောလေးက ပြောလိုက်တဲ့ သူတော်စင်တာအိုယွမ် ဆိုတဲ့သူရဲ့နာမည်က လီတာအိုဟန် မဟုတ်လား….."

ကြယ်တာရာချောက်၏ တစ်ကိုယ်လုံးက တုန်ယင်သွားခဲ့ပြီး သူ၏မျက်လုံးများက အံ့အားသင့်မှုများ ပြည့်နှက်သွား၏။ သူကတုန်လှုပ်စွာဖြင့် မေးမြန်းလိုက်သည်။ "မင်း… ဆရာ့ရဲ့နာမည်ကို မင်းကဘယ်လိုလုပ် သိတာလဲ… ပြင်းထန်သောမုန်တိုင်း ကမ္ဘာကြီးမှာ ဆရာ့ကိုသိတဲ့သူက လက်တစ်ဖက်မပြည့်ဘူး… ပြီးတော့ မင်းရဲ့အသက်အရွယ်နဲ့ဆိုရင် အဲဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ….."

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)Donde viven las historias. Descúbrelo ahora