ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
Book(42)
Chapter-8
(တိတ်တဆိတ် ညွှန်ကြားခြင်း)
ဖူယွင်ကျင်းက အလွန်ခေါင်းမာပြီး ချီဟိုင်ကိုပင် မေးခွန်းထုတ်ရဲမည်ဟူ၍ ယီယွမ်က လုံးဝထင်မထားခဲ့ပေ။
ဖူယွင်ကျင်းကလည်း ချီဟိုင်၏ ပျော့ကွက်ကို ဆုပ်ကိုင်မိခဲ့၍ ချီဟိုင်အတွက် အလွန်ခက်ခဲသွားခဲ၏။
ယီယွမ်၏ နတ်ဘုရားစိတ်အာရုံက လှုပ်ရှားသွားခဲ့ပြီး ချီဟိုင်ဆီသို့ လျှို့ဝှက်စကား ပြောဆိုလိုက်သည်။
ဖူယွင်ကျင်းက ထိုအခြေအနေကိုမြင်သော် သူတို့နှစ်ယောက်က နတ်ဘုရားစိတ်အာရုံမှတစ်ဆင့် လျှို့ဝှက်စကားပြောနေကြကြောင်း သိရှိသွားခဲ့၏။ သူ၏နှလုံးသားက အလိုအလျောက် တုန်ယင်သွားခဲ့သည်။
သို့သော် ဒုတိယအတွေးတွင် ဝူရွှမ်က ဖော်စပ်နည်းကို လူအများသိအောင် ထုတ်မပြောရဲသည့်အတွက် သူ၏စကားများမှ အားနည်းချက်က ထွက်ပေါ်လာတော့မည်မဟုတ်ပေ။ အကယ်၍ ယခု ဝူရွှမ်ကသာ ဖော်စပ်နည်းကို ထုတ်ပြခဲ့လျှင်ပင် သူက နာမည်ဂုဏ်သတင်း ကျဆင်းသွားတော့မည်ဖြစ်၏။ ဝူရွှမ်က အင်မော်တယ်အမှတ်ရခြင်း ကျောက်စိမ်းယမကာကို ရောင်းချရန်မဖြစ်နိုင်တော့ပေ။ ဤအရာမှ ဆုံးရှုံးမှုက ကြီးမားပေသည်။
ဤအချက်က အခြားသူများကို အကျိုးမရှိစေခဲ့လျှင်ပင် သူက ဆက်လက်လုပ်ဆောင်ရပေမည်။ဤရလဒ်ကို သူ့အား ထိန်းချုပ်ရန် ပြောဆိုမည်ဆိုလျှင်ပင် သူက ထိုသို့လုပ်ဆောင်နိုင်မည် မဟုတ်ပေ။
သို့သော် မည်သည့်အတွက်ကြောင့်မှန်း မသိရသော်လည်း ချီဟိုင်၏ဘေးမှ လူငယ်လေးက သူ့ကို မထိတ်သာမလန့်သာ ခံစားချက်တစ်ခု ပေးအပ်နေခဲ့ပေ၏။
ယီယွမ်၏ လျှို့ဝှက်စကားကို ကြားပြီးနောက် ချီဟိုင်၏ မျက်လုံးများက တဖြည်းဖြည်း တောက်ပလာခဲ့သည်။ ဖူယွင်ကျင်းကိုကြည့်၍ သူက နှိပ်စက်ညှင်းပန်းလိုသော အမူအရာဖြင့် ပြောဆိုလိုက်၏။ "မင်းက အင်မော်တယ်အမှတ်ရခြင်း ကျောက်စိမ်းယမကာကို အဆင့်မြှင့်ပေးနိုင်ခဲ့တယ်လို့ ပြောခဲ့တယ်နော်… ဒါဆိုရင် မင်းက ဘယ်နေရာမှာ လိုအပ်နေလို့ ဝူရွှမ်ရဲ့ အင်မော်တယ်အမှတ်ရခြင်း ကျောက်စိမ်းယမကာထက် အရသာနိမ့်ကျနေတာလဲဆိုတာ သိရဲ့လား….."
ESTÁS LEYENDO
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)
Fantasía(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...