ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
Book(44)
Chapter-3
(ပုံရိပ်ယောင်ဝိညာဉ်များ သတ်ဖြတ်ခြင်းအစီအရင်)
အမွေအနှစ်နယ်မြေအတွင်း၌ ယီယွမ်၏ နှုတ်ခမ်းက အနည်းငယ် တွန့်ကွေးသွားခဲ့၏။ သူ၏အသိစိတ်ကို ကျယ်ပြန့်သော ကောင်းကင်ဘုံကျောက်တိုင်မှ ပြန်လည်ရုတ်သိမ်းလိုက်ပြီဖြစ်သည်။
ယီယွမ်၏ မျက်နှာအမူအရာက စောစောလေးမှ လက်သီးချက်၏ အစွမ်းကို အလွန်ကျေနပ်နေသည်မှာ ထင်ရှားနေခဲ့၏။
"ငါ့ရဲ့ ဓားကွက်တွေ အများစုက အဝေးကနေ တိုက်ခိုက်မှုတွေပဲ… အနီးကပ်တိုက်ခိုက်မှုက ငါ့ရဲ့ အားအနည်းဆုံးအချက်ပဲ… ဒါပေမဲ့ မီးတောက်ရွေ့လျားမှု အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းနဲ့ဆိုရင် အခု ငါ့ရဲ့ အနီးကပ်တိုက်ခိုက်မှု စွမ်းရည်က တော်တော်လေး မြင့်မားလာပြီ… ဒီကျယ်ပြန့်သော ကောင်းကင်ဘုံကျောက်တိုင်က တကယ် လျှို့ဝှက်ဆန်းကြယ်ပြီးတော့ ဒီလိုနည်းလမ်းမျိုး အသုံးပြုပြီးတော့ လူတွေကို အစစ်အမှန်အသိ နားလည်သဘောပေါက်စေတယ်… တကယ်ချီးကျူးစရာပဲ….." ယီယွမ်က တီးတိုးပြောဆိုလိုက်သည်။
ယီယွမ်က ဤ၄၅ရက်အတွင်း ပူပြင်းခြင်းအစစ်အမှန်အသိကို နားလည်ခဲ့ပြီး
မီးတောက်ရွေ့လျားမှု အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းကို ဖန်တီးနိုင်ခဲ့၏။ ဤအရာကို ယခင်က သူလုံးဝမျှော်လင့်မထားခဲ့ပေ။သူ၏အတိတ်ဘဝတွင် ဝိညာဉ်ဘရစ်စတယ် ဒီဗိုင်းဘုရင်နှင့် ရင်းနှီးသော ဆက်ဆံရေးရှိခဲ့၍ ပူပြင်းခြင်းအစစ်အမှန်အသိကို နားလည်ရန်ခက်ခဲမှုနှင့် စွမ်းအားတို့ကို ယီယွမ်က ကောင်းစွာနားလည်ပေသည်။
ထို့ကြောင့် ယခုအချိန်အထိ ယီယွမ်က အစစ်အမှန်အသိကို နားလည်သဘောပေါက်မည်ဟု ယုံကြည်မှု လုံးဝမရှိခဲ့ပေ။ဤအသိစိတ်နယ်မြေက အလွန်လျှို့ဝှက်ဆန်းကြယ်ပြီး အစစ်အမှန်အသိကို ကိုယ်တိုင်ကြုံတွေ့စေခြင်းဖြင့် လူအများကို ဓာတ်အသိများ နားလည်သဘောပေါက်စေမည်ဟု လုံးဝမျှော်လင့်မထားခဲ့ပေ။
KAMU SEDANG MEMBACA
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)
Fantasi(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...