ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
Book(35)
Chapter-7
(လီအာ၏ နောက်ခံအသိုင်းအဝိုင်း)
နေ့တစ်ဝက်ကြာပြီးနောက် ရှောင်ရူယန်က ချွေးများရွှဲနစ်နေခဲ့ပြီး စတုရန်းဆေးအိုး၏ ဘေးတွင် ခြေပစ်လက်ပစ် ထိုင်ချလိုက်ပေသည်။
"ဆရာ… တပည့်က ကံကောင်းထောက်မပြီးတော့ တာဝန်ပေးအပ်တာကို ကျရှုံးမှုမရှိခဲ့ပါဘူး… နောက်ဆုံးမှာတော့ စွမ်းအင်ပြည့်ဖြိုးဆေးလုံးကို ဖော်စပ်နိုင်ခဲ့ပါပြီ….."
သေလုမတတ် မောပန်းနေခဲ့သော်လည်း ရှောင်ရူယန်က အလွန် စိတ်လှုပ်ရှားနေခဲ့ပုံ ပေါ်နေခဲ့၏။
စွမ်းအင်ပြည့်ဖြိုးဆေးလုံး၏ အသုံးဝင်မှုမှာ သိုင်းပညာရှင်များကို သွေးစွမ်းအင် ပြန်လည်ပြည့်ဖြိုးရန် ကူညီပေးခြင်းအတွက် ဖြစ်သည်။ အဆင့်(3) အဆင့်မြင့်အဆင့် ဆေးလုံးကို ဖော်စပ်ရန်မှာ အလွန်ခက်ခဲပေ၏။
ရှောင်ရူယန်အတွက် စွမ်းအင်ပြည့်ဖြိုးဆေးလုံးကို ဖော်စပ်ရန်မှာ မျှော်မှန်း၍ မရလောက်အောက်ပင် ခက်ခဲသည်။ သူမ၏ ယခင်အဆင့်အတန်းဖြင့်ဆိုလျှင် ထိုဆေးလုံးကို ဖော်စပ်နိူင်ရန် မဖြစ်နိုင်ပေ။
သို့သော် ဤနေ့တစ်ဝက်တာ အချိန်ကာလအတွင်း ယီယွမ်၏ လမ်းညွှန်မှုအောက်တွင် သူမက ရေမြောင်းသွယ်လိုက်ချိန် စီးဆင်းလာခဲ့သော ရေကဲ့သို့ အောင်မြင်စွာ ဖော်စပ်နိုင်ခဲ့၏။
ယီယွမ်၏ လက်ထဲတွင် ဆေးပစ္စည်းများက အရေအတွက် တော်တော်များများ ကျန်နေခဲ့သေးသည်။ ထိုအရာအားလုံးကို အတူတကွ ရောနှောလိုက်ပြီးနောက် သူက စွမ်းအင်ပြည့်ဖြိုးဆေးလုံးကို ဖော်စပ်ရန်အတွက် ဆေးနှစ်ဖုံစာ ဖော်စပ်နိုင်သော ပမာဏ ကျန်ရှိနေခဲ့ပေ၏။
ထိုဆေးပစ္စည်းများကို အလကားမဖြစ်စေရန် ယီယွမ်က သူမကို ဆေးမဖော်စပ်ခင် အကြိမ်များစွာ စမ်းသပ်လေ့ကျင့်စေခဲ့သည်။
အံ့အားသင့်စရာမရှိဘဲ ပထမဆေးတစ်ဖုံကို သူမက အမှိုက်ဆေးဝါးတစ်ခု ဖြစ်သွားရန် ဖော်စပ်ခဲ့၏။
ESTÁS LEYENDO
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)
Fantasía(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...