ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
Book(43)
Chapter-7
(ချက်ချင်းထုတ်ဖော်နိုင်သော သိုင်းပညာရပ်)
ယီယွမ်က ဤနေရာတွင် တိုက်ပွဲကြီးတစ်ခု ဆင်နွှဲရဲခြင်းမှာ သူ၏ အရေးအကြီးဆုံး မှီခိုအားထားရာက ဆေးလုံးများ ဖြစ်နေခဲ့သောကြောင့် ဖြစ်သည်။
သို့သော် ဤကျယ်ပြန့်သော ကောင်းကင်ဘုံဘုရားက သူဖော်စပ်ထားခဲ့သော ဆေးလုံးများကို လေတစ်ချက်တိုက်၍ ဖျက်ဆီးပစ်ခဲ့မည်ဟူ၍ ယီယွမ်က လုံးဝမျှော်လင့်မထားခဲ့ပေ။
ဤအရာက လုံးဝမကြားဖူးသော ကိစ္စတစ်ခုဖြစ်၏။
သဘာဝစွမ်းအင်များကို ပြန်လည်ပြည့်ဝစေသော ဆေးလုံးများမရှိလျှင် ယီယွမ်၏ သဘာဝစွမ်းအင်များက မကြာမီအချိန်အတွင်း ကုန်ဆုံးသွားတော့မည် ဖြစ်သည်။
ဤအရာက သူ့အတွက် ပထမဆုံးအကြိမ် ထူးဆန်းသော ကိစ္စတစ်ခုကို ကြုံတွေ့ခဲ့ရခြင်းဖြစ်၏။ အချိန်တစ်ခုကြာသည်အထိ သူက မည်သို့ပြုလုပ်ရမည်ကို မသိခဲ့ပေ။
ငါက သဘာဝစွမ်းအင် ကုန်ဆုံးတာကြောင့် ဒီအဆင့်(2) ဒီမွန်းသားရဲတွေရဲ့ သတ်ဖြတ်ခြင်းကို တကယ်ခံရတော့မှာလား…..
တကယ်လို့ ငါက အပြင်ကို ပို့ဆောင်ခြင်းခံလိုက်ရရင် အဆုံးမဲ့ကမ္ဘာကြီးရဲ့ ဟာသတစ်ပုဒ် ဖြစ်သွားတော့မှာ မဟုတ်ဘူးလား…..
ယီယွမ်က အခြားသူများ၏ အမြင်ကို ဂရုမစိုက်သော်လည်း ဤသို့ကျရှုံးမှုမျိုးကို သူကိုယ်တိုင်ပင် လက်မခံနိုင်ပေ။
"သေစမ်း… အဆုံးထိ တိုက်ရမှာပဲ….."
ယီယွမ်က အံတင်းတင်းကြိတ်၍ သူ၏လက်ကျန် သဘာဝစွမ်းအင်များကို အလုံးစုံ ထုတ်ဖော်လိုက်ပေသည်။
ရေတွက်မရနိုင်သော ပွင့်ဖတ်များက ယီယွမ်ကို ဝန်းရံထားခဲ့ကြ၏။
တစ်ချိန်တည်းမှာပင် ယီယွမ်က ယန်ကိုးမျိုး ဝိညာဉ်ဘရစ်စတယ် သိုင်းပညာရပ်ကို သူ၏အကန့်အသတ်အထိ ထုတ်သုံးခဲ့ပြီး သူ၏ခန္ဓာကိုယ်ထဲသို့ စုပ်ယူထားခဲ့သော အမည်မဲ့စွမ်းအင်ကို သန့်စင်လိုက်ပေသည်။
VOCÊ ESTÁ LENDO
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)
Fantasia(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...