ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
Book(32)
Chapter(13)
(ယွမ်ဖန်းအဆင့်တက်ခြင်း)
"သိပ်သည်းမယ်….."
ယီယွမ်က အသံတိုးတိုးဖြင့် အော်ပြောလိုက်၏။ စတုရန်းဆေးအိုး၏ အလင်းဖြာထွက်မှုက တဖြည်းဖြည်း မှေးမှိန်လာခဲ့ပြီး နောက်ဆုံးတွင် သတ္ထုတုံးကြီး တစ်ခုအဖြစ် ပြောင်းလဲ
ရောက်ရှိသွားခဲ့သည်။ဆေးလုံးဖော်စပ်မှု ပြီးဆုံးသွားပြီးနောက် ယီယွမ်က အားပြတ်၍ မြေပြင်ပေါ်သို့ ခြေပစ်လက်ပစ် ထိုင်ချလိုက်ရ၏။
ထိုသို့သော ဆေးဖော်စပ်မှုက စိတ်ဝိညာဉ်ခွန်အားနှင့် သဘာဝစွမ်းအင် နှစ်မျိုးစလုံး အပေါ်တွင် အလွန်ကြီးမားသော စမ်းသပ်ချက်တစ်ခုဖြစ်သည်။ အဆင့်နိမ့်နယ်မြေများတွင် အခြေခံအားဖြင့် ထိုအရာကို အောင်မြင်အောင်
လုပ်ဆောင်နိုင်သူ လုံးဝမရှိပေ။ယီယွမ်ကဲ့သို့ စိတ်ဝိညာဉ်ခွန်အားနှင့် သဘာဝစွမ်းအင်များကို ထိန်းချုပ်ရာတွင် အထွတ်အထိပ်အဆင့်သို့ ရောက်နေခဲ့သော ပုဂ္ဂိုလ်တစ်ယောက်ကသာ ဤကဲ့သို့သော ဆေးဖော်စပ်မှုတစ်ခုကို အောင်မြင်စွာ လုပ်ဆောင်နိုင်ပေ၏။
"အစ်ကိုကြီး… ဒါ… ဒါက... ဒီလိုမျိုး ပြီးသွားပြီလား….." အလင်းဖြူက အံ့အားသင့်စွာဖြင့် မေးမြန်းလိုက်သည်။
"မပြီး… မပြီးချင်သေးဘူးလား… မင်း.. မင်းကငါ့ကို မောပန်းပြီး သေစေချင်တာလား….." ယီယွမ်က ထော်လော်ကန့်လန့် လုပ်ပြီး ပြောဆိုခဲ့၏။
"အဟွတ်… အဟွတ်… ကျွန်တော်က အဲဒီလို ဆိုလိုတာ မဟုတ်ပါဘူး… ဒါပေမဲ့… ဒီဟာက နေ့တစ်ဝက် အချိန်ပဲ ရှိသေးတာလေ….." အလင်းဖြူက သူ၏ မျက်လုံးရှေ့မှ မြင်ကွင်းက အမှန်တကယ်မဟုတ်ကြောင်း ခံစားနေခဲ့ရသည်။
အဆင့်(3)ကို တက်ရောက်ပြီးနောက် အလင်းဖြူက မျိုးရိုးဆက်ခံလာသည့် မှတ်ဉာဏ်များကို
နိုးထစေနိုင်ခဲ့ပြီး
ဤလောကအကြောင်း ပို၍ပင် နားလည်လာခဲ့၏။သူ၏မျိုးရိုးဆက်ခံလာသော မှတ်ဉာဏ်များတွင် မှော်ဆေးပညာ ဗဟုသုတများ ပါဝင်ပေသည်။
YOU ARE READING
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)
Fantasy(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...