ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
Book(34)
Chapter-14
(ယီယွမ်၏ ဆွဲဆောင်မှု)
"မင်း… မင်းက တကယ်ပဲ အကြောင်းပြချက်ကို လျစ်လျူရှုလိုက်တာပဲ… ဒီကောင်လေးကို ကာကွယ်တဲ့အတွက် ဖြစ်လာမယ့် အကျိုးဆက်တွေကို မင်းသိရဲ့လား….." ရှစ်ဟောက်ရန်၏ စကားများက တင်းလျန့်ကို ခြေဆောင့်လုမတတ် ဒေါသထွက်သွားခဲ့သည်။
ရှစ်ဟောက်ရန်က လက်ရှိအချိန်တွင် ထိုအကြောင်းကို သေသေချာချာ တွေးကြည့်ခဲ့ပြီးဖြစ်ရာ တွေဝေခြင်းမရှိခဲ့ပေ။ သူကချက်ချင်းပင် အေးအေးဆေးဆေး ပြောဆိုလိုက်ပေ၏။ "သူ့ကို ချီရှားတောင်ဆီ ပြန်ခေါ်သွားတဲ့အချိန်အထိ စောင့်ပေးဖို့ပဲ ငါပြောခဲ့တာလေ… သူ့ကို ပြင်းထန်သောမုန်တိုင်း ကမ္ဘာကြီးကနေ ပြန်လွှတ်ပေးဖို့ ငါမပြောပါဘူး… မင်းက ဘာသောက်ရေးမပါတာတွေ ပြောနေတာလဲ… ဆရာကြယ်တာရာချောက်ရဲ့ စိတ်နေစိတ်ထားကို မင်းကောင်းကောင်း သိပါတယ်… တကယ်လို့သာ ဒီနေ့ ယီယွမ်ကို ငါက မင်းလက်ထဲ ထည့်ပေးလိုက်မယ်ဆိုရင် ငါပြန်သွားတဲ့အခါ ကြောက်စရာကောင်းတဲ့ သေဆုံးခြင်းမျိုးနဲ့ ငါသေရလိမ့်မယ်… ဘာလို့ မင်းက အဲဒီကိစ္စကို ထည့်မစဉ်းစားတာလဲ….."
တင်းလျန့်က ကူရာကယ်ရာမဲ့စွာဖြင့် တွေဝေသွားခဲ့သည်။ ကြယ်တာရာချောက်၏ အရေးယူမှုများက လူတိုင်း၏ စိတ်ထဲတွင် လတ်လတ်ဆတ်ဆတ် ရှိနေခဲ့သေး၏။
"ဟမ့်… သွားကြစို့….."
တင်းလျန့်က တွေဝေနေသည်ကိုမြင်သော် ရှစ်ဟောက်ရန်က အေးစက်စွာဖြင့် နှာခေါင်းရှုံ့၍ သူ၏ညီငယ်များကို ခေါ်ဆောင်၍ ထွက်သွားရန် ပြင်ဆင်လိုက်သည်။
"ခဏနေဦး….." တင်းလျန့်က ရုတ်တရက် သတိဝင်လာခဲ့ပြီး ကျယ်လောင်စွာဖြင့် အော်ဟစ်ခဲ့၏။ "ရှစ်ဟောက်ရန်… ငါ့ကို အင်အားသုံးဖို့ ဖိအားမပေးနဲ့….."
သူက ထိုသို့ပြောရင်း ဒီဗိုင်းဖြတ်ကျော်ခြင်းနယ်ပယ် အော်ရာကို ထုတ်လွှတ်လိုက်သည်။ လူတိုင်း၏ မျက်နှာများက ပြောင်းလဲသွားခဲ့၏။
CZYTASZ
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)
Fantasy(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...