Chapter 519

1.1K 146 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(40)

Chapter-6

(အားလုံးမှန်တယ်)

"အံ့သြစရာ မရှိဘူး… ဆေးလုံးကို မဖော်စပ်နိုင်ခဲ့တာ အံ့သြစရာ မရှိတော့ဘူး… ဒါဆို အဲဒါက ဒီလိုမျိုးပေါ့… ဟားဟားဟား… အရှင်ခေါင်းဆောင်ကြီးက ဒီကျောက်စိမ်းပြားကိုမြင်ရင် တော်တော်ဝမ်းသာသွားမှာ အသေအချာပဲ….."

ဝူရွှမ်က ရုတ်တရက်ပင် သတင်းပို့တံဆိပ်ပြားတစ်ခုကို ထုတ်ယူ၍ သဘာဝစွမ်းအင်အချို့ ထည့်သွင်းလိုက်သည်။ သတင်းပို့တံဆိပ်ပြားက ချက်ချင်းပျောက်ကွယ်သွားခဲ့၏။

ဝူရွှမ်၏ အမူအရာကိုမြင်သော် ချောင်ဖန့်၏ နှလုံးသားက အလိုအလျောက်ပင် တုန်ယင်သွားခဲ့သည်။

ဒီကောင်လေးက မေးခွန်းနံပါတ် ၁၃၆ကို တကယ်ဖြေဆိုနိုင်ခဲ့တာလား…..

"ညီအစ်ကိုဝူရွှမ်… ဖြစ်နိုင်တာက….." ကျူးကျင့်က ပဟေဠိဖြစ်စွာဖြင့် မေးမြန်းလိုက်၏။

ထိုအချိန်မှသာ ဝူရွှမ်က သူစိတ်လောသွားခဲ့ကြောင်း နားလည်သွားခဲ့သည်။ "ညီအစ်ကိုကျူးကျင့်… တောင်းပန်ပါတယ်… တောင်းပန်ပါတယ်… အရှင်ခေါင်းဆောင်ကြီးရဲ့ ဒီမေးခွန်းကို ကျုပ်က လေ့လာနေခဲ့တာ အချိန်တွေ အများကြီး ကြာမြင့်သွားခဲ့ပါပြီ… ဒါပေမဲ့ ကျုပ်နားမလည်တဲ့ နေရာအချို့ရှိနေသေးလို့ အဲဒီမေးခွန်းကို ဘယ်လိုမှ မဖြေရှင်းနိုင်ခဲ့ဘူး… အခု ကျုပ်က ရှင်းရှင်းလင်းလင်း နားလည်သွားခဲ့တဲ့အတွက် တော်တော်လေး စိတ်လှုပ်ရှားသွားခဲ့မိပါတယ်….."

"ဟမ်… အဲဒီမေးခွန်းကို တကယ်ဖြေရှင်းနိုင်ခဲ့တာလား….." ကျူးကျင့်က မယုံကြည်နိူင်သေးပေ။

"ဟီးဟီး… ခင်ဗျားက တစ်ချက်ကြည့်လိုက်ရင် သိသွားပါလိမ့်မယ်….." ဝူရွှမ်က စကားအများကြီးပြော၍ ရှင်းမပြချင်တော့ပေ။ ကျူးကျင့်ကိုယ်တိုင် ကြည့်လိုက်ရုံဖြင့် သူက သိရှိသွားပေလိမ့်မည်။

ကျူးကျင့်က ကျောက်စိမ်းပြားထဲရှိ အဖြေများကို သံသယဝင်စွာဖြင့် စတင်စစ်ဆေးလိုက်ပြီး သူကလည်း မျက်မှောင်ပိုကုတ်လာခဲ့၏။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)Tempat cerita menjadi hidup. Temukan sekarang