Chapter 531

1.1K 137 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(41)

Chapter-4

(ပြဿနာရှိနေတဲ့ အချိန်တွေမှာ ပြင်းပြင်းထန်ထန် အပြစ်ပေးသင့်တယ်)

ယီယွမ်က သူ၏စကားများကို လက်လွတ်စပယ် ပြောဆိုခဲ့ခြင်း မဟုတ်ပေ။ လန်ဖုန်းက ပြင်းထန်သောမုန်တိုင်း ကမ္ဘာကြီး၏ ထိပ်တန်းပုဂ္ဂိုလ်များ အကြောင်းကို သေချာမသိသော်လည်း ရှောင်ရူယန်က စစ်မှန်သော မြင့်မြတ်သူတစ်ယောက် ဖြစ်သည်။

ကျောက်ထျန်းရင်၏ လက်အောက်မှ ခေါင်းဆောင်သုံးယောက်က ဒီဗိုင်းဖြတ်ကျော်ခြင်းနယ်ပယ် အထွတ်အထိပ်အဆင့် ပုဂ္ဂိုလ်များ ဖြစ်ကြ၏။

ထို့အပြင် ရှန့်ကွမ်မိသားစုကဲ့သို့ အထူးအင်အားစုတွင် သူတို့၏ မိသားစုခေါင်းဆောင်က ဒီဗိုင်းဖြတ်ကျော်ခြင်းနယ်ပယ် အထွတ်အထိပ်အဆင့် ပုဂ္ဂိုလ်တစ်ယောက် ဖြစ်သည်။

ဗဟိုမြို့တော်တွင်ပင် ဒီဗိုင်းဖြတ်ကျော်ခြင်းနယ်ပယ် အထွတ်အထိပ်အဆင့် ပုဂ္ဂိုလ်ခုနှစ်ယောက် ရှိပေ၏။

ထိုလူငါးယောက်ကို ရှေ့ပြေးတပ်ဟူ၍ ပြောလျှင် မလွန်ပေ။

"ဟက်… ဒီစကားတွေက ကြီးကြီးကျယ်ကျယ် ပြောလိုက်တာမဟုတ်ဘူးလား… ပြင်းထန်သောမုန်တိုင်း ကမ္ဘာကြီးလို အရင်းအမြစ်မရှိတဲ့ နယ်မြေတစ်ခုက ပုဂ္ဂိုလ်အများကြီးကို ဘယ်လိုလုပ်ပြီးတော့ မွေးထုတ်ပေးနိုင်မှာလဲ….." ဝူရုန်က မကျေမနပ်ပင် ပြောဆိုလိုက်သည်။

ယီယွမ်က သူ့ကို တည်ငြိမ်စွာကြည့်၍ ပြောခဲ့၏။ ပြင်းထန်သောမုန်တိုင်း ကမ္ဘာကြီးက အရင်းအမြစ်တွေ ရှားပါးတယ်ဆိုပေမဲ့ သူတို့မှာ အရင်းအမြစ်မရှိဘူးလို့ ဆိုလိုတာမဟုတ်ဘူး… တိတိကျကျ ပြောရမယ်ဆိုရင် အဆုံးမဲ့ကမ္ဘာကြီးရဲ့ အရင်းအမြစ်တွေက နေရာအနှံ့မှာ ကြွယ်ဝတယ်ဆိုပေမဲ့ ပြင်းထန်သောမုန်တိုင်း ကမ္ဘာကြီးရဲ့ အရင်းအမြစ်တွေ အားလုံးက ဗဟိုမြို့တော်မှာပဲ စုဝေးနေကြတယ်… ပြီးတော့ ပြင်းထန်သောမုန်တိုင်း ကမ္ဘာကြီးမှာ လေပြင်းတွေက ဝန်းရံနေကြတယ်… သိုင်းပညာရှင်တွေက အချိန်ပြည့် လေ့ကျင့်နေကြတယ်လို့ ပြောနိုင်တယ်လေ… သူတို့ရဲ့ ကျင့်ကြံမှုအမြန်နှုန်းက ကျုပ်တို့ အဆုံးမဲ့ကမ္ဘာကြီးက သိုင်းပညာရှင်တွေထက် ပိုပြီးမြန်ဆန်တယ်… သူတို့က ပုဂ္ဂိုလ်တွေအများကြီး မွေးထုတ်ပေးနိုင်တာ ဘာထူးဆန်းလို့လဲ… ပြီးတော့ ပြောတာ မပြောတာက ကျုပ်သဘောလေ… နားထောင်တာ နားမထောင်တာက ခင်ဗျားသဘောပဲ… တကယ်လို့ ခင်ဗျားက နားမထောင်ချင်ဘူးဆိုရင် နားပိတ်ထားလိုက်လေ… ကျုပ်ပြောတာက မှားလား မှန်လားဆိုတာကို လူအိုကြီးဟိုင်နဲ့ စီနီယာနင်တို့က သိကြလိမ့်မယ်… ခင်ဗျားက ဘယ်တုန်းကများ ဝင်ပြောခွင့်ရှိသွားတာလဲ….."

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)Where stories live. Discover now