ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
Book(41)
Chapter-2
(လူအိုကြီးဟိုင်)
နင်ရီရှန်း၏ ခံစားချက်အပြည့် ပါဝင်သော သက်ပြင်းချသံကို ကြားလိုက်ရသော် လူတိုင်း၏ စိတ်က တုန်လှုပ်သွားခဲ့ကြ၏။
သူ၏စကားထဲမှ
လူအိုကြီးဟိုင်နှင့် လူအိုကြီးသွမ့်တို့က ဒီဗိုင်းဖြတ်ကျော်ခြင်းနယ်ပယ် အထွတ်အထိပ်အဆင့် ပုဂ္ဂိုလ်များဖြစ်သည်။သူတို့ရှိနေလျှင် အဆုံးမဲ့ကမ္ဘာကြီး၏ ယုံကြည်မှုက အများကြီး ပိုမိုမြင့်မားလာပေလိမ့်မည်။
အဆင့်နိမ့်သိုင်းပညာရှင်များက ကမ္ဘာနှစ်ခုကြား စစ်ပွဲကြီးတစ်ခုတွင် အကျိုးသက်ရောက်မှု အများကြီး မရှိသော်လည်း အဆင့်မြင့်တိုက်ပွဲများက စစ်ပွဲ၏ အောင်နိုင်သူကို အဆုံးအဖြတ်ပေးသွားမည့် အချက်တစ်ခု ဖြစ်၏။
ပြင်းထန်သောမုန်တိုင်း ကမ္ဘာကြီးက ကျောက်ထျန်းရင်မရှိလျှင် အဆုံးမဲ့ကမ္ဘာကြီးက ပြင်းထန်သောမုန်တိုင်း ကမ္ဘာကြီးကို ထိုမျှအထိ ကြောက်ရွံ့နေမည်မဟုတ်ပေ။
ကျောက်ထျန်းရင် တစ်ယောက်တည်းက အဆုံးမဲ့ကမ္ဘာကြီးတစ်ခုလုံးကို ဖျက်ဆီးနိူင်သည်။
ထိုသို့သော တိုက်ခိုက်မှု အစွမ်းက လူအများကို စိတ်ဓာတ်ကျသွားစေ၏။
ဤတစ်ကြိမ်က အဆုံးမဲ့ကမ္ဘာကြီးတွင် ထိုသို့သော ပုဂ္ဂိုလ်နှစ်ယောက်ရှိနေသည်ကို ယီယွမ်က ပထမဆုံးအကြိမ်အဖြစ် ကြားလိုက်ရခြင်းဖြစ်သည်။ သူက ကူရာကယ်ရာမဲ့စွာဖြင့် အလွန်သိချင်သွားခဲ့၏။
အကယ်၍ အဆုံးမဲ့ကမ္ဘာကြီးကသာ ဒီဗိုင်းဖြတ်ကျော်ခြင်းနယ်ပယ် အထွတ်အထိပ်အဆင့် ပုဂ္ဂိုလ်ငါးယောက် ရှိနေခဲ့မည်ဆိုလျှင် အနည်းနှင့်အများ သူတို့က ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်းအချို့ ရှိနေသည်ဟူ၍ သတ်မှတ်နိူင်ပေသည်။
ထိုအကြောင်းကို စဉ်းစားလိုက်သောအခါ ယီယွမ်က ကိစ္စတစ်ခုကို သတိရသွားခဲ့၏။
ESTÁS LEYENDO
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)
Fantasía(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...