Chapter 527

1.1K 138 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(40)

Chapter-14

(လန်ဖုန်း၏ ခွန်အား)

ထိုပုဂ္ဂိုလ်ကြီးလေးယောက်၏ ပါဝင်ပတ်သက်လိုခြင်းမရှိသော အမူအရာများကို လူတိုင်းက တွေ့မြင်နေခဲ့ရသည်။ သူတို့အားလုံးက ယီယွမ်ကို သိချင်စိတ်များ ပိုမိုဖြစ်ပေါ်လာခဲ့၏။

"မင်းဘာပြောနေတာလဲဆိုတာ မသိဘူး… ကမ္ဘာနှစ်ခုရဲ့ နယ်မြေလမ်းကြောင်းကို ပြင်းထန်သောမုန်တိုင်း ကမ္ဘာကြီးက စောင့်ကြပ်နေခဲ့ကြတယ်… မင်းရဲ့ဒီလိုခွန်အားမျိုးနဲ့ဆိုရင် မင်းက ပြင်းထန်သောမုန်တိုင်း ကမ္ဘာကြီးကနေ ဘယ်လိုလုပ်ပြီး လွတ်မြောက်လာမှာလဲ….."

"လူငယ်လေး… မင်းမှာ ခွန်အားအချို့ရှိနေတယ်ဆိုပြီး ဟန်ဆောင်မနေနဲ့… ပေါက်ကရပြောဆိုတာတွေက အလုပ်မဖြစ်ဘူး… အမှန်တရားကို ထုတ်ဖော်ဖို့လွယ်ကူတယ်ကွ….."

"မင်းက ပြင်းထန်သောမုန်တိုင်း ကမ္ဘာကြီးကို ရောက်ဖူးတယ်ပေါ့… မင်းက ပြင်းထန်သောမုန်တိုင်း ကမ္ဘာကြီးကနေ ပစ္စည်းတွေကို သက်သေအနေနဲ့ ယူခဲ့လားဆိုတာ ငါသိချင်မိတယ်….ဟားဟားဟား….."

လူအုပ်ကြီးက ကျယ်လောင်စွာဖြင့် ရယ်မောလိုက်ကြပြီး ယီယွမ်ကို ကျကျနန လှောင်ပြောင်နေခဲ့သည်။

ယီယွမ်က ထိုနေရာတွင် ထိုင်နေသည်အား သူတို့က မြင်လိုက်ကြသော် မူလကတည်းက မကျေမနပ် ဖြစ်နေခဲ့ကြ၏။ ဤတစ်ကြိမ်တွင် သူတို့က ယီယွမ်၏ စကားအမှားတစ်ခုစီတိုင်းကို စောင့်ဆိုင်းနေခဲ့ကြပြီး လွဲချော်သွားစေခြင်း မရှိကြပေ။

ထိုအချိန်၌ နက်နဲသောနေမင်းအဖွဲ့၏ အဖွဲ့အရှင်သခင် ဝူရုန်က ယီယွမ်၏ မျက်နှာချင်းဆိုင်မှ အပြုံးတစ်ခုဖြင့် ပြောဆိုလိုက်သည်။ "ဒီညီငယ်လေးက ဒီနေ့တွေ့ဆုံပွဲမှာ ဟာသလုပ်နေတာတော့ မဟုတ်ပါဘူးနော်… မင်းက ပြင်းထန်သောမုန်တိုင်း ကမ္ဘာကြီးကို ရောက်ဖူးတယ်လို့ ပြောခဲ့တယ်နော်… မင်းက အဲဒါကို နည်းနည်းလောက် သက်သေပြသင့်တယ် မဟုတ်ဘူးလား… နှုတ်ခမ်းကနေ ပြောတာကတော့ ငါလည်း ပြင်းထန်သောမုန်တိုင်း ကမ္ဘာကြီးကို ရောက်ဖူးတယ်လို့ ပြောနိုင်တယ်လေ… မင်းက ငါ့ကို ယုံကြည်ရဲ့လား….."

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)Donde viven las historias. Descúbrelo ahora