ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
Book(45)
Chapter-11
(နဂါးလှိုင်းသံ)
ဘုန်းးး…..
ယီယွမ်က မြေပြင်ပေါ်သို့ နောက်ထပ်တစ်ကြိမ် လဲကျသွားခဲ့သည်။ ဤတစ်ကြိမ်က စတုတ္ထအကြိမ်မြောက်အဖြစ် သူလဲကျခဲ့ခြင်းပင်ဖြစ်၏။
ဤကြိုးစားမှုများကြောင့် သူ၏ဒဏ်ရာများက ဆိုးရွားသည်ထက် ပို၍ဆိုးရွားလာခဲ့သည်။ သူက အကြိမ်အနည်းငယ်ခန့် သွေးအန်ထားခဲ့ပြီးဖြစ်၏။ သူ၏ မျက်နှာအမူအရာက ပို၍ဖြူဖျော့လာခဲ့ပြီး သူ၏ အသက်ရှူမှုကလည်း ပို၍ အားနည်းလာခဲ့သည်။ သို့သော် သူက ခေါင်းမာစွာဖြင့် မတ်တတ်ထရပ်ရန် နောက်ထပ်တစ်ကြိမ် ကြိုးစားနေခဲ့ပေ၏။
"အားးး….."
ယီယွမ်က သူ၏ခန္ဓာကိုယ်ရှိ ခွန်အားအားလုံးကို အသုံးပြု၍ အော်ဟစ်လိုက်သည်။
ဤတစ်ကြိမ်တွင် သူက နောက်ဆုံး၌ မတ်တတ်ရပ်နိုင်ခဲ့၏။သို့သော် သူ၏ ခြေထောက်နှစ်ချောင်းက အင်အားလုံးဝမရှိဘဲ ပျော့ခွေနေခဲ့သည်။ သူက မတ်တတ်ရပ်နိုင်ခဲ့သော်လည်း သူ၏ခြေထောက်များက အင်အားမရှိခဲ့၍ နောက်ထပ်တစ်ကြိမ် လဲပြိုလုနီးပါး ဖြစ်သွားခဲ့၏။
ခြေလှမ်းအနည်းငယ်ခန့် ယိုင်နဲ့နဲ့ဖြစ်သွားခဲ့ပြီးမှသာ ယီယွမ်က သူ၏ခန္ဓာကိုယ်ကို တည်ငြိမ်အောင် လုပ်ဆောင်သွားနိုင်ခဲ့သည်။
"ဟူး… ဟူး….."
ယီယွမ်က အလွန်မောပန်းနေခဲ့၏။ သူက အကန့်အသတ်သို့ ရောက်ရှိနေခဲ့ပြီးဖြစ်သည်။ သူ၏ခန္ဓာကိုယ်က ဆက်လက်၍ ယိမ်းယိုင်နေခဲ့သော်လည်း လုံးဝပင် ပြိုလဲသွားခဲ့ခြင်း မရှိပေ။
ဤမြင်ကွင်းကိုမြင်သော် အနက်ရောင်ဝတ်စုံဝတ် ပုဂ္ဂိုလ်၏ မျက်နှာအမူအရာက နောက်ဆုံးတွင် ပြောင်းလဲသွားခဲ့၏။
သူက ယခင်အချိန်၌ ယီယွမ်အပေါ် စစ်မှန်သောဂျီးနီးယပ်တစ်ယောက်ဟူ၍ သတ်မှတ်ထားခဲ့ပြီး ယခုအချိန်၌ ယီယွမ်ကို လေးစားနေခဲ့ပြီဖြစ်သည်။
VOCÊ ESTÁ LENDO
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)
Fantasia(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...