ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
Book(43)
Chapter-6
(အကြီးအကျယ် မှားယွင်းခြင်း)
ဒုတိယအလွှာကို ပထမဆုံး ရောက်ရှိနိုင်သူက အစွမ်းအထက်ဆုံး လူတစ်ယောက်ဟူ၍ အတပ်ပြောမရသော်လည်း အခြေအနေတစ်ခုအထိ အဖြစ်အပျက်များစွာကို မီးမောင်းထိုးပြနေပေသည်။
သို့ဖြစ်၍ လူဟုန်က ဒုတိယအလွှာသို့ ပထမဆုံးရောက်ရှိလာသည့်အတွက် ထိုအရာမှာ သူ၏ခွန်အားက အလွန်မြင့်မားသည်ဟူ၍ သက်သေပြနေခဲ့ခြင်းဖြစ်၏။
"ခြေသလုံးအိမ်တိုင် ကျင့်ကြံသူတွေထဲမှာ ဂျီးနီးယပ်ဂျူနီယာတစ်ယောက် ထွက်ပေါ်လာလိမ့်မယ်လို့ ငါတကယ်ထင်မထားခဲ့ဘူး….." ချီဟိုင်က သူ၏မုတ်ဆိတ်ကို ပွတ်သပ်၍ ပြုံးလိုက်သည်။
လက်ရှိအဆုံးမဲ့ကမ္ဘာကြီးအတွက် ဤသို့ဂျီးနီးယပ်မျိုး ပေါ်ထွက်လာလေလေ ပို၍ကောင်းမွန်လာလေဖြစ်၏။
"ဟမ့်… ကံကောင်းသွားတဲ့ အခိုက်အတန့်ကြောင့်ပါ….." ချင်ဟုန်ထောင်က အေးစက်စက် နှာခေါင်းရှုံ့၍ ပြောဆိုခဲ့သည်။
နာမည်အများအပြားက ပထမအလွှာမှ တစ်ခုပြီးတစ်ခု ပျောက်ကွယ်သွားခဲ့၏။ ရန်ရှင်းချွန်းက မျက်မှောင်ကုတ်လာခဲ့ပေသည်။သူက ယီယွမ်၏ နာမည်ကို စူးစိုက်ကြည့်နေခဲ့ခြင်းဖြစ်၏။ သို့သော် ယီယွမ်၏နာမည်က လှုပ်ရှားမည့်လက္ခဏာ လုံးဝမရှိပေ။ အခြားလူများ၏ နာမည်များက မည်မျှပင် လှုပ်ရှားစေကာမူ ယီယွမ်၏နာမည်က ပထမအလွှာ၌ အစမှအဆုံးအထိ ရှိနေခဲ့ပေသည်။
ဤအချိန်၌ လူတစ်ယောက်က သတိရသွားဟန်ဖြင့် မေးမြန်းလိုက်၏။ "အမ်… ယီယွမ်က ဘယ်နေရာမှာလဲ… သူ့ရဲ့ခွန်အားနဲ့ဆိုရင် သူက ဒုတိယအလွှာကို အစောကြီးကတည်းက ရောက်ရှိသင့်တယ် မဟုတ်ဘူးလား….."
"သူ့ရဲ့ နာမည်က ပထမအလွှာမှာပဲ ရှိနေသေးတယ်… ဘာဖြစ်သွားလဲဆိုတာ ငါသိချင်မိတယ်….." နင်ရီရှန်းက ပြောဆိုခဲ့သည်။
"မဖြစ်နိုင်ဘူးမဟုတ်လား… ယီယွမ်က ကိုယ်ပိုင်ခွန်အားနဲ့ စိတ်ဝိညာဉ်ပင်လယ်နယ်ပယ်ကို သတ်ဖြတ်နိုင်ခဲ့တယ်… သူက ပထမအလွှာမှာ ထောင်ချောက်မိဖို့ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ….."
KAMU SEDANG MEMBACA
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)
Fantasi(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...