ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
Book(39)
Chapter-12
(ကျွန်တော့်ကို မှော်ဆေးပညာ သင်ပေးပါ)
"ဒါက တကယ်ကို တော်တော်သနားစရာ ကောင်းပါတယ်….." ယီယွမ်က ခံစားချက်အပြည့်ပါသော သက်ပြင်းချ၍ ပြောဆိုလိုက်သည်။
ရှောင်ရူယန်က အသက်၂၀နှစ်တွင် အဆင့်မြင့်အဆင့် မှော်ဆေးပညာရှင် ဂရန်းမာစတာတစ်ယောက် ဖြစ်နေခဲ့ပြီး ပြင်းထန်သောမုန်တိုင်း ကမ္ဘာကြီးမှ မျိုးဆက်တူများတွင် ထိပ်တန်းပုဂ္ဂိုလ်တစ်ယောက် ဖြစ်နေခဲ့၏။
အသက်၁၈နှစ်အရွယ် အဆင့်မြင့်အဆင့် မှော်ဆေးပညာရှင် ဂရန်းမာစတာတစ်ယောက်က အဆုံးမဲ့ကမ္ဘာကြီး၏ သက်တူရွယ်တူများတွင် အထွတ်အထိပ်အဆင့် ပုဂ္ဂိုလ်တစ်ယောက် ဖြစ်နေခဲ့ပေသည်။
ထိုသို့ မွန်းစတားဆန်သော အရည်အသွေးက ငယ်ငယ်ရွယ်ရွယ်နှင့် ဆုံးရှုံးသွားရသည်မှာ အမှန်တကယ်ပင် သနားစရာကောင်းလှပေ၏။
"ဟုတ်တယ်… ဒါပေမဲ့ ကောင်းကင်ဘုံက လမ်းအားလုံးကို ဖြတ်တောက်မထားခဲ့ပါဘူး… မြို့ပိုင်အရှင်သခင်က ရန်တုံဆိုတဲ့ မြေးတစ်ယောက် ရရှိလာခဲ့တယ်… သူ့ရဲ့ အရည်အသွေးက ဂျူနီယာမျိုးဆက်မှာ ထိပ်တန်းအဆင့်ပဲ….." ရှုကျိဟွေက ပြောဆိုလိုက်သည်။
ယီယွမ်က ခေါင်းညိတ်ခဲ့၏။ ရန်တုံ၏ အရည်အချင်းကို ယီယွမ်က ကန့်ကွက်စရာမရှိပေ။
အဆင့်နိမ့်နယ်မြေများအတွက် ရန်တုံ၏ အရည်အချင်းက အလွန်ကောင်းမွန်နေခဲ့ပြီ ဖြစ်သည်။
ယီယွမ်က ယီဟန်နှင့် ရန်ဟုန်လင်၏ ရုပ်ရည်များနှင့် ထူးခြားချက် လက္ခဏာများကို ရှုကျိဟွေအား အသေးစိတ်ပြောပြခဲ့ပြီး ပြောဆိုခဲ့၏။ "အဲဒီလူနှစ်ယောက်ရဲ့ သတင်းကိုရဖို့ အစ်ကိုကျိဟွေဆီ အားကိုးထားလိုက်ပါပြီ… တကယ်လို့ အစ်ကိုကျိဟွေရဲ့ သားအတွက် ဘယ်လိုဆေးလုံးမျိုး လိုအပ်နေပါစေ အစ်ကိုကျိဟွေက ကျုပ်ကို အားမနာပါနဲ့… ကျုပ်ကိုလာရှာလိုက်ပါ….."
ထိုစကားကိုကြားသော် ရှုကျိဟွေက အလွန်ဝမ်းသာသွားခဲ့ပြီး ကပျာကယာပင် ပြောဆိုလိုက်သည်။
ESTÁS LEYENDO
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)
Fantasía(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...