ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
Book(33)
Chapter-13
(အရှက်မရှိသော မရပ်မနားတိုက်ပွဲများ)
အလုံးစုံခုခံကာကွယ်ခြင်း ဟူသောနာမည်ကို ကြားလိုက်ရသောအချိန်တွင် ရှန့်ကွမ်လင်ရှဲ့က အလွန့်အလွန် တုန်လှုပ်သွားခဲ့သည်။
"နတ်ဘုရားစိတ်ဝိညာဉ် အလုံးစုံခုခံကာကွယ်ခြင်း… အဲဒါဆို ဂျိချင်ကပဲ အခြားလူတွေကို ရိုက်နှက်နိုင်ပြီးတော့ အခြားလူတွေက တိုက်ခိုက်တာကို မတုန်မလှုပ် ရင်ဆိုင်နိုင်စွမ်း ရှိနေပြီမဟုတ်လား… ဒီသိုင်းကွက်က တကယ်ကိုပဲ တော်တော် အံ့ဩစရာပဲ….."
ရှန့်ကွမ်လင်ယွင်က ခေါင်းညိတ်၍ ပြောလိုက်၏။ "အတိတ်တုန်းက အလုံးစုံခုခံကာကွယ်ခြင်း အကြောင်းကို ငါကြားခဲ့တဲ့အချိန်မှာ အဲဒါကို ကောလာဟလ တစ်ခုလို့ ထင်မြင်နေခဲ့တယ်… ဒီနေ့ အဲဒီအရာကို ငါက တကယ်ပဲ မျက်မြင်တွေ့ရမယ်လို့ ထင်မထားခဲ့ဘူး… ဒီဂျိချင်က တကယ်ကို မှတ်သားလောက်စရာပေပဲ….."
ကျောက်ချန်ကန်းက လှောင်ပြုံးပြုံး၍ ပြောဆိုခဲ့သည်။ "ဘာအလုံးစုံခုခံကာကွယ်ခြင်းလဲ… သူက ထူးချွန်သူတွေကို တွေ့ကြုံရခြင်း မရှိသေးလို့ပါ… စိတ်ဝိညာဉ်ခွန်အားက သူ့ထက် သန်မာနေတယ်ဆိုရင် အလုံးစုံခုခံကာကွယ်ခြင်းက ဟာသတစ်ခုပဲ ဖြစ်သွားလိမ့်မယ်….."
"အဲဒီလိုဆိုတော့ ဘာဖြစ်လို့လဲ… ဒီအလုံးစုံခုခံကာကွယ်ခြင်းကို မင်းတို့အားလုံးထဲက ဘယ်သူကများ ချိုးဖျက်နိုင်မလဲလို့ ငါသိချင်မိတယ်….." ရှစ်ဟောက်ရန်က ရုတ်တရက် ပြောဆိုလိုက်၏။
သို့သော် ကျောက်ချန်ကန်းက ရှက်ကိုးရှက်ကန်း ဖြစ်သွားခြင်းမရှိဘဲ မာနကြီးသော အကြည့်တစ်ခုဖြင့် ပြောလိုက်သည်။ "စိတ်ဝိညာဉ်သိုင်းပညာရှင်က နောက်ဆုံးမှာတော့ သာမန်လမ်းတစ်ခုပဲ… သိုင်းပညာလမ်းကသာ အဓိကလမ်းတစ်ခုပါ… သူက နတ်ဘုရားစိတ်ဝိညာဉ်အရာမှာ အလုံးစုံခုခံကာကွယ်ခြင်း ရှိနေတယ်… ဒါပေမဲ့ သူက ကျုပ်ရဲ့ အာဏာရှင်သိုင်းပညာ ထူးကဲခြင်းတိမ်တိုက်လှံတံကို ခုခံကာကွယ်နိုင်မလားဆိုတာ သိချင်မိတယ်….."
YOU ARE READING
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)
Fantasy(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...