ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
Book(32)
Chapter(14)
(အဲဒါက ကျွန်တော့်ရဲ့ အခြေခံ မတည်မငြိမ်ဖြစ်သွားမှာကို စိုးရိမ်သွားခဲ့လို့ပါ)
"ဟားဟား… ကြည့်ရတာ မင်းရဲ့ ဒီဗိုင်းသားရဲ သွေးမျိုးဆက်ကို နိုးထစေနိုင်ခဲ့တာနဲ့ တူတယ်….." ယီယွမ်က ယွမ်ဖန်း၏ အသွင်ပြောင်းလဲခြင်းကို မြင်သော် ရယ်မော၍ ပြောဆိုလိုက်သည်။
"သခင်လေးက အမြင်စူးရှတာပဲ… အဆင့်(4)ကို ချိုးဖျက်
တက်ရောက်ပြီးနောက် ကျွန်တော်က မျိုးရိုးဆက်ခံလာခဲ့တဲ့ မှတ်ဉာဏ်အစိတ်အပိုင်း နောက်တစ်ခုကို နိုးထစေနိူင်ခဲ့ပါတယ်… ပြီးတော့ ကျွန်တော့်ရဲ့ ခန္ဓာကိုယ်ထဲမှာ အလွန်အစွမ်းထက်တဲ့ သွေးမျိုးဆက်တစ်ခု ပုန်းအောင်းနေတယ်လို့ ခံစားနေရတယ်….." ယွမ်ဖန်းက ပျော်ရွှင်စွာဖြင့် ပြောခဲ့၏။ယီယွမ်က ခေါင်းညိတ်၍ အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ "တကယ်ကိုပဲ ကောင်းကင်ဘုံညီမျှခြင်း မျောက်ဝံသူတော်စင်ရဲ့ မျိုးဆက်ဆိုတဲ့ နာမည်နဲ့ ထိုက်တန်ပါတယ်… မင်းက ဒီသွေးမျိုးဆက်ရဲ့ အစွမ်းကို အသုံးချနိုင်ရင် အနာဂတ်မှာ မင်းက အလွန်အစွမ်းထက်တဲ့ ပုဂ္ဂိုလ်ကြီးတစ်ယောက် ဖြစ်လာမှာ အသေအချာပဲ….."
အချိန်အနည်းငယ်အကြာ၌ ယွမ်ဖန်းက သူ၏ ပျော်ရွှင်မှုများ တည်ငြိမ်သွားခဲ့ချိန်တွင် ရုတ်တရက် တစ်စုံတစ်ရာက မှားယွင်းနေသည်ကို ခံစားလိုက်ရ၏။
"အမ်….." ယွမ်ဖန်းက တဖြည်းဖြည်းပင် အံ့အားသင့်နေမှုမှ ထိတ်လန့်တုန်လှုပ်မှု အခြေအနေသို့ ရောက်ရှိသွားခဲ့သည်။
"ဟားဟား… လူအိုကြီးယွမ်ရဲ့ တုံ့ပြန်မှုက တကယ် နှေးကွေးနေတာပဲ… အခုမှ တစ်ခုခု မှားယွင်းနေတာကို သတိထားမိခဲ့တာလား… တစ်လအချိန်အတွင်းမှာ ခင်ဗျားက အဆင့်တစ်ဆင့်ပဲ တက်ရောက်နိုင်ခဲ့တာနော်… အစ်ကိုကြီးက အဆင့်ငါးဆင့်ကို မကြာခင်အချိန်အတွင်းမှာ တစ်ဆက်တည်း တက်ရောက်ပြီး နှောင်ပိုင်းအဆင့် စိတ်သလင်းဖြစ်တည်ခြင်း နယ်ပယ်ကို ရောက်ရှိတော့မှာလေ….." အလင်းဖြူက ပြက်ရယ်ပြုလိုက်၏။
YOU ARE READING
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)
Fantasy(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...