ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
Book(35)
Chapter-8
(ပြန်လည်ပေါင်းဆုံခြင်း)
ယီယွမ်၏ စကားများက ယွဲ့မုန့်လီ၏ စိတ်ကို အများကြီး ပျော်ရွှင်စေခြင်းမရှိဘဲ သူမက ပြိုင်ဖက်ကင်းပုဂ္ဂိုလ်ဖြစ်လာရန် စိတ်ဝင်စားမှု အများကြီးမရှိခဲ့ပုံ ပေါ်နေခဲ့သည်။
"ဟူး… မိုးကောင်းကင်အောက်မှာ ပြိုင်ဖက်ကင်းတော့ရော ဘာလုပ်ရမှာလဲ...ထားလိုက်တော့… ထားလိုက်တော့...အဆင့်(8) ဆေးလုံးတစ်လုံးကို ဖော်စပ်လိုက်ရုံနဲ့ ရှင်ကကျွန်မရဲ့ နတ်ဘုရားစိတ်ဝိညာဉ်ကို ခွဲခြားပေးနိုင်မယ်လို့ ပြောခဲ့တယ်မလား… ဒါပေမဲ့ ရှင်က….." ယွဲ့မုန့်လီက ပြောလိုက်၏။
ယီယွမ်က ခေါင်းညိတ်၍ ပြောခဲ့သည်။ "အဲဒီအတိုင်းပဲ… ပြီးတော့ မိန်းကလေးက လရောင်ကောင်းကင်မျက်လုံးရဲ့ အစွမ်းကို ဒီတစ်ကြိမ်မှာ အသုံးပြုလိုက်တာကြောင့် နတ်ဘုရားစိတ်ဝိညာဉ်ကို ပိုပြီးတော့ ဒဏ်ရာရစေခဲ့တယ်… ဒီကိစ္စကြောင့် မိနိးကလေးရဲ့ အခြေအနေ ဆိုးရွားလာတာက အချိန်အများကြီး ပိုမြန်သွားခဲ့ပြီ… အခု… မိန်းကလေးမှာ အချိန်နှစ်နှစ်ပဲ ကျန်တော့တယ်….."
ယွဲ့မုန့်လီက သက်ပြင်းတစ်ချက် ချလိုက်၏။ "နှစ်နှစ်ပဲ အချိန်ကျန်တော့တာလား….."
ယီယွမ်က ပြောခဲ့သည်။ "ယွဲ့မိန်းကလေးက စိတ်ဓာတ်ကျနေဖို့ မလိုပါဘူး… ကျွန်တော်က နှစ်နှစ်အတွင်း အဆင့်(8) ဆေးလုံးတွေကို မဖော်စပ်နိုင်ဘူးဆိုပေမဲ့ အခြေအနေဆိုးနေတာကို နှောင့်နှေးအောင် လုပ်နိုင်တဲ့ နည်းလမ်းတွေ ရှိနေပါတယ်….."
"အို… ဘယ်လိုနည်းလမ်းတွေလဲ….."
"ယွဲ့မိန်းကလေးက အဇူရာစိတ်ဝိညာဉ်အပင် ဆိုတာကို အရင်က ကြားဖူးလားမသိဘူး….."
ယွဲ့မုန့်လီက ခေါင်းညိတ်၍ ပြောလိုက်၏။ "ကောင်းကင်နဲ့မြေကြီးရဲ့ အနှစ်သာရကို စုပ်ယူနိူင်တဲ့ စိတ်ဝိညာဉ်တစ်ခု ပါရှိတဲ့ အပင်တစ်မျိုးရှိတယ်လို့ ပြောတာကြားဖူးပါတယ်… အဲဒီအပင်က အသိဉာဏ်ရှိပြီးတော့ လူသားတွေလို ကျင့်ကြံနိုင်တယ်တဲ့….."
ESTÁS LEYENDO
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)
Fantasía(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...