ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
Book(33)
Chapter-12
(အလုံးစုံခုခံကာကွယ်ခြင်း)
ပရိသတ်ထဲတွင် သာမန်မိန်းကလေးနှစ်ဦး ရှိနေခဲ့သည်။
သူတို့ထဲမှတစ်ယောက်က စင်ပေါ်မှလူကို စူးစမ်းလေ့လာသော မျက်လုံးများဖြင့် ကြည့်နေခဲ့၏။ သူမက မည်သို့ စဉ်းစားနေသည်ကို မည်သူမှ မသိနိုင်ခဲ့ပေ။
အခြားမိန်းကလေးက
တခစ်ခစ်ရယ်မော၍ လျှို့ဝှက် အသံပို့ဆောင်နည်းဖြင့် ပြောဆိုလိုက်သည်။ "ဟီးဟီး… ဆရာယီက ရှောင်ရူယန်အတွက် ကောင်းကင်အောက်က သူရဲကောင်းတွေအားလုံးကို စိန်ခေါ်ပေးနေတယ်… သခင်မလေး ဘာတွေတွေးနေလဲဆိုတာ ကျွန်မ သိချင်မိပါတယ်….."ဤမိန်းကလေးက ယီယွမ်၏ ပုံစံအစစ်အမှန်ကို အမှန်တကယ် သိနေခဲ့ပေ၏။ ထိုမိန်းကလေးက ယန်အာမှလွဲ၍ မည်သူ ဖြစ်နိုင်မည်နည်း။
အခြားမိန်းကလေးကိုမူ ပြောနေစရာပင် မလိုအပ်ပေ။ ထိုမိန်းကလေးက လီအာပင် ဖြစ်သည်။
အမှန်တကယ်တွင် ဤရက်အနည်းငယ်အတွင်း သူတို့နှစ်ဦးစလုံးက မြို့တော်အတွင်း၌ တစ်ချိန်လုံး ရှိနေခဲ့ကြ၏။ ဤသခင်မလေးနှင့် အစေခံမလေးတို့ နှစ်ဦးကြောင့်သာ မဟုတ်ခဲ့လျှင် ယီယွမ်က သူ၏အဖွဲ့မှလူများကို မြင်တွေ့နိုင်မည် မဟုတ်ပေ။
သူမတို့နှစ်ယောက်၏ နောက်ကွယ်မှနေ၍ ကာကွယ်ပေးမှုကြောင့်သာ မဟုတ်ခဲ့လျှင် ယီယွမ်၏ စီနီယာများက အန္တရာယ်ကင်းစွာဖြင့် အသက်ရှင်သန်နိုင်ကြမည် မဟုတ်ခဲ့ပေ။
ကျောက်ချန်ကန်းက တုတ်တစ်ချောင်းယူလာပြီး ပြစ်ဒဏ်ပေးရန် တောင်းဆိုသည့်နေ့တွင် ထိုကိစ္စက မြို့တော်တစ်ခုလုံးကို ပွက်လောရိုက်သွားစေခဲ့သည်။ ယီယွမ်က မြို့တော်အတွင်းသို့ လျှို့ဝှက်စွာဖြင့် တိတ်တဆိတ် ဝင်ရောက်နေခဲ့ပြီဖြစ်ကြောင်းလီအာကလည်း သတိထားမိသွားခဲ့၏။
အမှန်တကယ်တွင် ပြောရမည်ဆိုပါက ထိုအခြေအနေကို တိတ်ဆိတ်သည်ဟူ၍ သတ်မှတ်မရနိုင်ပေ။
YOU ARE READING
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)
Fantasy(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...