ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
Book(45)
Chapter-6
(ရစ်ခွေနဂါး ကောင်းကင်ဘုံဖျက်ဆီးခြင်း လက်ဝါး)
ယခုအချိန်မှသာ ဤအလွှာသုံးလွှာတွင် ပြီးပြည့်စုံသော အောင်မြင်ခြင်း မရှိတော့ကြောင်း ယီယွမ်က သိရှိသွားခဲ့သည်။
သို့သော် ဤလက်ဝါးသုံးချက်ကို ကြည့်ရုံဖြင့်
ပြီးပြည့်စုံသော အောင်မြင်ခြင်းက အမှန်တကယ်ပင် မလိုအပ်တော့ပေ။စောစောလေးက မိုးပြာရောင်နဂါးများကို ဖျက်ဆီးရန်အတွက် သူ၏ ခွန်အားအကုန် အသုံးပြုခဲ့ရ၏။ နောက်ဆုံးအချိန်အထိ သူက ခေါင်းမာနေခဲ့ခြင်းမရှိလျှင် အစောကြီးကတည်းက ရှုံးနိမ့်သွားခဲ့ပြီဖြစ်သည်။
နောက်ဆုံးတိုက်ကွက်အထိ တောင့်ခံနိုင်ခဲ့သည်မှာ တစ်ဖက်တွင် သူ၏ အစွမ်းထက်သော စိတ်ခွန်အားကြောင့်ပင်ဖြစ်၏။ အခြားတစ်ဖက်တွင် သူ၏ ခန္ဓာကိုယ်က အစစ်အမှန်နဂါးသွေး၏ ပြန်လည်သန့်စင်ခြင်းကို ခံထားရ၍ဖြစ်သည်။
"မင်းက တကယ်ဂျီးနီးယပ်တစ်ယောက်ပဲ… အစစ်အမှန်နဂါးတစ်ကောင်ရဲ့ ခွန်အားကို ဒီလောက်မြန်မြန် ဆုပ်ကိုင်မိပြီးတော့ ပူပြင်းခြင်းအစစ်အမှန်အသိနဲ့ ပေါင်းစပ်လိုက်တယ်… ဟဲဟဲ… ကောင်လေး… ငါမင်းကို အများကြီး အထင်ကြီးနေပြီ….." အနက်ရောင်ဝတ်စုံဝတ် ပုဂ္ဂိုလ်က ချီးကျူးလိုက်၏။
ယီယွမ်က ပြုံး၍ ပြောခဲ့သည်။ "တကယ်တော့ ကျွန်တော်က အနည်းငယ် အံ့ဩနေပါသေးတယ်… ကျွန်တော်က စီနီယာရဲ့ လက်ဝါးချက်အင်အားတွေကို ရင်ဆိုင်ဖို့ ခွန်အားကုန် ထုတ်ဖော်လိုက်တဲ့အချိန်မှာ ကျွန်တော့်ရဲ့ ခန္ဓာကိုယ်အတွင်းက အစစ်အမှန်နဂါး အစွမ်းက ထကြွလာခဲ့ပြီးတော့ ကျွန်တော့်ရဲ့လက်သီးတွေထဲကို ဝင်ရောက်သွားခဲ့ပါတယ်….."
အနက်ရောင်ဝတ်စုံဝတ် ပုဂ္ဂိုလ်က ခေါင်းကို အသာညိတ်၍ ပြောဆိုလိုက်၏။ "ကြည့်ရတာ မင်းက သဘာဝအတိုင်းဖြစ်လာတဲ့ သိုင်းပညာရှင်တစ်ယောက်ပဲ… မင်းရဲ့ အနာဂတ်အောင်မြင်မှုတွေက အဲဒီအဖိုးကြီးထက် မြင့်မားလိမ့်မယ်….."
STAI LEGGENDO
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)
Fantasy(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...