ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
Book(36)
Chapter-4
("ဓား"စာလုံးများ ရေးထွင်းခြင်း)
လျှပ်တစ်ပြက်အတွင်း အချိန်နှစ်ရက် ကုန်ဆုံးသွားခဲ့သည်။ စိတ်ဝိညာဉ်ပင်လယ်နယ်ပယ် ပုဂ္ဂိုလ်တစ်ယောက်ကို သတ်ဖြတ်နိုင်ခြင်းမှ လက်ကျန်အပူချိန်က ပျောက်ဆုံးသွားခြင်း မရှိခဲ့သော်လည်း ထိုအနေအထားက ငြိမ်သက်တိမ်တိုက်အဖွဲ့အတွင်း၌ တဖြည်းဖြည်းနှင့် ခိုင်ခိုင်မာမာ အခြေတည်သွားခဲ့၏။
ဤအဖြစ်အပျက်မှ လှုံ့ဆော်မှုရရှိခဲ့၍ လူတိုင်းက အရူးအမူး ကျင့်ကြံနေခဲ့ကြသည်။
အတိတ်တွင် လူများစွာက ဒရွတ်ဆွဲနေခဲ့၏။ သို့သော် ယခု လူတစ်ဦးတစ်ယောက်မှ အပျင်းထူနေခဲ့ကြခြင်း မရှိပေ။
ဤနှစ်ရက်အတွင်း ယီယွမ်ကလည်း အတိုင်းသားထိုင်နေခဲ့ခြင်း မဟုတ်ပေ။ ဆေးလုံးများ၏ အကူအညီအောက်တွင် ယခင်ကတည်းက သူ၏ သဘာဝစွမ်းအင်က အဆင့်(7) စိတ်သလင်းဖြစ်တည်ခြင်းနယ်ပယ် အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေခဲ့ပြီး ဖြစ်သည်။
ဤနှစ်ရက်ကို အသုံးပြု၍ ယီယွမ်က အဆင့်(8) စိတ်သလင်းဖြစ်တည်ခြင်း နယ်ပယ်သို့ အောင်မြင်စွာ တက်ရောက်သွားနိုင်ခဲ့၏။
ယီယွမ်က လေ့ကျင့်နေရာမှ ထွက်လာချိန်တွင် မိုယုထန်က တံခါးအပြင်၌ ရပ်စောင့်နေခဲ့သည်ကို မြင်လိုက်ရပေသည်။
ယီယွမ်ကို မြင်သော် မိုယုထန်က မျက်ခုံးပင့်မိသွားခဲ့၏။ သက်ပြင်းတစ်ချက်ချ၍ သူကပြောလိုက်သည်။ "ဂျူနီယာညီလေးယီ… ငါမင်းကို ချင်နိုင်ငံဆီလာပြီး အဖွဲ့ကိုခေါ်ဆောင်လာတဲ့ အချိန်ကို ပြန်တွေးကြည့်လိုက်ရင် မင်းက အဆင့်(2) စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းနယ်ပယ် မှာပဲ ရှိနေခဲ့သေးတာလေ… ဒါပေမဲ့ အခုအချိန်မှာ မင်းက ငါ့ကို လိုက်မီသွားခဲ့ပြီ… တိုက်ခိုက်မှုစွမ်းအား အရာမှာ ဒီလောက်အထိ မြင့်မားနေမှတော့ မင်းက နှောင်းပိုင်းအဆင့် ပင်လယ်အသွင်ပြောင်းလဲခြင်းနယ်ပယ် သိုင်းပညာရှင်တွေနဲ့ ရင်ဆိုင်တိုက်ခိုက်နေနိူင်ပြီ….."
YOU ARE READING
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)
Fantasy(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...