Chapter 571

1.1K 124 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(44)

Chapter-2

(မီးတောက်ရွေ့လျားမှု အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်း)

"ဒီနေ့က အမွေအနှစ်နယ်မြေမှာ ယီယွမ်ရဲ့ တတိယမြောက်နေ့ မဟုတ်လား… ပြီးပြည့်စုံသော အောင်မြင်မှုရဲ့ ဆုကြေးက တန်ဖိုးကြီးမှာ အသေအချာပဲ….."

"ဟုတ်တယ်… ကျယ်ပြန့်သော ကောင်းကင်ဘုံဘုရားရဲ့ အနှစ်သာရက ကျယ်ပြန့်သော ကောင်းကင်ဘုံကျောက်တိုင် နားလည်သဘောပေါက်မှုပဲ… ယီယွမ်က ပြီးပြည့်စုံသော အောင်မြင်ခြင်းကို ရရှိခဲ့တယ်… အချိန်က သူများတွေထက် သုံးဆပိုတယ်… ယီယွမ်က ကျယ်ပြန့်သော ကောင်းကင်ဘုံဘုရားကနေ ထွက်လာတဲ့အချိန်မှာ ယီယွမ်က ဘယ်အဆင့်ကို ရောက်ရှိသွားမလဲဆိုတာ တကယ်မသိတော့ဘူး….."

"အမွေအနှစ်နယ်မြေရဲ့ အချိန်စီးဆင်းမှုနှုန်းက အပြင်ဘက်လောကထက် ၁၅ဆ ပိုနှေးတယ်… ပြောရရင်တော့ ယီယွမ်က ကျယ်ပြန့်သော ကောင်းကင်ဘုံကျောက်တိုင်ကို ဆင်ခြင်သုံးသပ်ဖို့ အချိန်၄၅ရက် ရှိနေတာပဲ… သူ့ရဲ့အရည်အချင်းနဲ့ဆိုရင် သူက ဘယ်အဆင့်အထိ နားလည်သဘောပေါက်မလဲဆိုတာ တကယ်မသိနိူင်ဘူး….."

အလင်းမျက်နှာပြင်မှ ထင်ရှားနေသော ထိုနာမည်ကိုကြည့်၍ ပရိသတ်များက မနာလိုဖြစ်နေခဲ့ကြ၏။

သိုင်းပညာရှင် အားလုံးနီးပါးအတွက် ကျယ်ပြန့်သော ကောင်းကင်ဘုံဘုရား အမွေအနှစ်တွင် ကျယ်ပြန့်သော ကောင်းကင်ဘုံကျောက်တိုင်ကို ဆင်ခြင်သုံးသပ်ရန် အခွင့်အရေး တစ်ကြိမ်သာ ရရှိပေသည်။ အဘယ်ကြောင့်ဆိုသော် သူတို့က ဆဋ္ဌမအလွှာကို ကျော်ဖြတ်နိုင်စွမ်း မရှိကြ၍ပင် ဖြစ်၏။

တတိယအလွှာပြီးနောက် မည်မျှအထိ နားလည်သဘောပေါက်မည်မှာ သိုင်းပညာရှင်များ၏ ကိုယ်ပိုင်ဆင်ခြင်သုံးသပ်မှု စွမ်းရည်များအပေါ်၌ မူတည်ပေသည်။

အချိန်က ၁၅ရက်သာ ရှိပေ၏။ လူအချို့က ဤအခွင့်အရေးကို အသုံးပြု၍ ကောင်းကင်သို့ တစ်ခါတည်း တက်ရောက်သွားနိုင်ပြီး အခြားသူများက ရှုံးနိမ့်၍ ကျန်ရစ်ခဲ့ကြပေသည်။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)Where stories live. Discover now