ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
Book(32)
Chapter(12)
(စတုရန်းဆေးအိုး၏ အစွမ်း)
ယီယွမ်၏နောက်သို့ လိုက်ပါပြီးနောက် လက်မောင်းရှည် ကျောက်တုံးမျောက်ဝံကလန်က အတိတ်ကနှင့် မတူတော့ပေ။
အတိတ်တုန်းက ယွမ်ဖန်းနှင့် ယီယွမ်တို့ တွေ့ဆုံခဲ့ချိန်တွင် ယွမ်ဖန်းတစ်ယောက်တည်းက အဆင့်(3)ဒီမွန်းသားရဲ ဖြစ်၏။ သို့သော် ယခု အဆင့်(3) လက်မောင်းရှည် ကျောက်တုံးမျောက်ဝံ အကောင်နှစ်ဆယ်ကျော် သုံးဆယ်ခန့်အထိ ရှိနေပြီဖြစ်သည်။
လက်မောင်းရှည် ကျောက်တုံးမျောက်ဝံကလန် တစ်ခုလုံး၏ အင်အားက နောက်တစ်ဆင့်သို့ တက်ရောက်သွားခဲ့ပြီဖြစ်၏။
ထိုသို့ အကြီးအကျယ် ပြောင်းလဲမှုတစ်ခုကို ယီယွမ်နောက်သို့ လိုက်ပါခြင်းမပြုမီအချိန်အထိ ယွမ်ဖန်းက မျှော်လင့်ထားခဲ့ခြင်း မရှိပေ။
ယခု ယီယွမ်ကို ချန်ထားရစ်ခဲ့ရန် ယွမ်ဖန်းအား ပြောဆိုမည်ဆိုလျှင် သူက မည်သို့ ရှင်သန်ရမည်ကိုပင် သိရှိခြင်းမရှိခဲ့ပေ။
"ဟားဟား… မင်းက ဆက်နေဖို့ ဆန္ဒရှိမယ်ဆိုရင် ငါက တကယ် ကြိုဆိုပါတယ်….." ယီယွမ်က အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ ယွမ်ဖန်း၏ အဖြေက သူမျှော်လင့်ထားသည်နှင့် ကွာခြားခြင်းမရှိခဲ့ပေ။
အမှန်တကယ်တွင် ဤရလဒ်ကို အတိတ်တုန်းက ယွမ်ဖန်းကို သူ့နောက်သို့ လိုက်ပါရန် မြှူဆွယ်ချိန်ကတည်းက သူခန့်မှန်းခဲ့မိပြီးဖြစ်၏။
"လူအိုကြီးယွမ်… ခင်ဗျားက အချောင်စားချင်သေးလို့ မဟုတ်လား… ဟားဟား… အစ်ကိုကြီးနောက်ကို လိုက်မယ်ဆိုရင် အဆင့်(4)ကို စကားထဲထည့်မပြောနဲ့တော့… လူသားအသွင်ယူခြင်းတောင် ခက်ခဲတဲ့အရာတစ်ခု မဟုတ်ဘူးလေ….." အလင်းဖြူက ရုတ်တရက် လှောင်ပြောင်လိုက်သည်။
***ဒီမွန်းသားရဲတွေ လူသားအသွင်ယူတာက အဆင့်(5)မှာပါ... အရင်အခန်းတွေမှာလည်း ပါပြီးသားပါ***
ယွမ်ဖန်း၏ မျက်နှာက ပထမတွင် နီရဲသွားခဲ့သော်လည်း ချက်ချင်းပင် ဖြူဖျော့သွားခဲ့ပြီး အကြီးအကျယ် ထိတ်လန့်တုန်လှုပ်နေဟန်ဖြင့် ပြောခဲ့၏။ "အလင်းဖြူ… မင်း… မင်း… မင်းက တကယ်ပဲ အဆင့်(3)ကို ရောက်နေခဲ့ပြီလား……"
YOU ARE READING
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)
Fantasy(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...