ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
Book(35)
Chapter-13
(မျှော်လင့်ချက်ကုန်ဆုံးခြင်း)
"အကြီးအကဲတု… ခင်ဗျားက ရည်ရွယ်ချက်ရှိရှိနဲ့ ရှုံးဟန်ဆောင်လိုက်တာတော့ မဟုတ်ပါဘူးနော်… အဆင့်(7) စိတ်သလင်းဖြစ်တည်ခြင်း နယ်ပယ် ကောင်လေးတစ်ယောက်ကို ခင်ဗျားက တကယ်ပဲ သိုင်းကွက်တစ်ကွက်တည်းနဲ့ မသတ်နိုင်ခဲ့ဘူးပေါ့….."
"ဟုတ်တယ်… သူက ခင်ဗျားကို သိုင်းကွက်ဆယ်ကွက် အကြောင်း ပြောလိုက်လို့ ခင်ဗျားက သူနဲ့ကစားချင်နေတာလား… စောစာလေးက သိုင်းကွက်နဲ့ နာကျင်တာလည်း မဖြစ်ဘူး... ယားယံတာလည်း မဖြစ်ဘူးလေ….."
နောက်တွင်ရှိသော လူအားလုံးမှာ တုယွီရှန်က အဆင့်(7) စိတ်သလင်းဖြစ်တည်ခြင်း နယ်ပယ်ကိုပင် ကိုင်တွယ်နိုင်စွမ်းမရှိကြောင်းကို မယုံကြည်နိုင်ခဲ့ပေ။
သို့သော် တုယွီရှန်က သူ၏တိုက်ခိုက်မှုကို အင်အားလျှော့ချခဲ့ခြင်း မဟုတ်ကြောင်း သူကိုယ်တိုင် သိရှိပေသည်။ သူက အင်အား ၃၀ရာခိုင်နှုန်း အသုံးပြုခဲ့၏။
ခွန်အား၃၀ရာခိုင်နှုန်းက များပြားသည်ဟူ၍ သတ်မှတ်မရနိုင်ပေ။ သို့သော် ထိုအရာက အဆင့်(7) စိတ်သလင်းဖြစ်တည်ခြင်း နယ်ပယ်တစ်ယောက်ကို သတ်ဖြတ်ရန် လုံလောက်ပေသည်။
သို့ရာတွင် သူ၏ မျက်စိရှေ့မှ ဤကောင်လေးက အလွယ်တကူ ရှောင်တိမ်းသွားနိုင်ခဲ့၏။ ထိုအရာက အလွန်အမင်း ထူးဆန်းနေခဲ့ပေသည်။
"ဟား… ဟားဟား… ဒီကောင်လေးက စောစောလေးမှာ သိုင်းကွက်ဆယ်ကွက်လို့ ပြောခဲ့လို့ ဒီအကြီးအကဲက သူနဲ့ကစားဖို့ စဉ်းစားမိသွားခဲ့တယ်… သူက ငါ့ရဲ့တိုက်ခိုက်မှုကို ဘယ်လောက်များ ရှောင်တိမ်းနိုင်မလဲဆိုတာ ငါသိချင်မိတယ်….." တုယွီရှန်က ရှက်ရွံ့သွားသော အမူအရာတစ်ခုဖြင့် ပြောဆိုခဲ့၏။
"ဟားဟား… ကစားစမ်း… ကစားလိုက်စမ်းပါ… အမှိုက်ကောင်လေး တစ်စုပါပဲ… မျှော်လင့်ချက်ကုန်ဆုံးတာက ဘာဆိုတာ သူတို့ကို ခံစားခွင့်ပေးလိုက်ပါ….." တစ်စုံတစ်ယောက်က သဘောတူ ထောက်ခံပေးလိုက်သည်။
YOU ARE READING
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)
Fantasy(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...