ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
Book(42)
Chapter-14
(ကျယ်ပြန့်သော ကောင်းကင်ဘုံဘုရား)
"အရှင်ယောက္ခမဆိုလိုတာက… နတ်ဘုရားနယ်မြေလား….."
ယီဟန်က အစောကြီးကတည်းကထိုအချက်ကို တွေးထားခဲ့မိပြီး
ဖြစ်သော်လည်း ထိုနာမည်ကိုပြောရခြင်းအတွက် ပြင်းထန်သောဖိအားကို ခံစားနေရပေသေး၏။သူ၏သားက နတ်ဘုရားနယ်မြေမှ အဓိကပုဂ္ဂိုလ်တစ်ယောက်၏ အမွေအနှစ်ကို အမှန်တကယ် ရရှိထားခဲ့သည်။ ဤကံကောင်းထောက်မမှုက ကောင်းကင်၏အလိုကို ဆန့်ကျင်ရန်အတွက် လုံလောက်နေပြီဖြစ်၏။
သို့ရာတွင် သူ၏သားက ချင်နိုင်ငံကဲ့သို့ တိုင်းပြည်ငယ်လေးမှ မြင့်တက်လာသည်ကို စဉ်းစားကြည့်လိုက်သောအခါ ထိုအကြောင်းပြချက်ကသာ အဓိပ္ပာယ်ရှိပေသည်။
ရန်ရှင်းချွန်းက သူ၏ခေါင်းကို အသာညိတ်၍ လေးနက်သောအမူအရာဖြင့် ပြောဆိုလိုက်၏။ "ငါ့ရဲ့အမြင်မှာတော့ အိပ်မက်ထဲမှာ သင်ကြားပေးတဲ့ ပုဂ္ဂိုလ်က နတ်ဘုရားနယ်မြေမှာ တော်တော်လေးအဆင့်မြင့်တဲ့ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လိမ့်မယ်… ယီယွမ်ရဲ့ မှော်ဆေးပညာအဆင့်က မှော်ဆေးပညာရှင်ဧကရာဇ်ထက် သာလွန်တယ်ဆိုတာလောက် မရိုးရှင်းဘူး….."
ယီဟန်က စိတ်ထဲ၌ အနည်းငယ် စိုးရိမ်သွားခဲ့သည်။ အလွန့်အလွန် အစွမ်းထက်နေခဲ့၍ မည်မျှအထိ အစွမ်းထက်သည်ဆိုခြင်းကို
သူက မတိုင်းတာနိုင်ခဲ့ပေ။ယီဟန်၏အမြင်တွင် ရန်ရှင်းချွန်းက လူအများကို ဖိအားဝင်စေသည်အထိ အစွမ်းထက်နေခဲ့ပြီဖြစ်၏။
အဲဒီနတ်ဘုရားနယ်မြေက ပုဂ္ဂိုလ်ကြီးရဲ့ခွန်အားက ဘယ်လောက်အထိရှိနိုင်မလဲ…..
အဆင့်နိမ့်ကမ္ဘာငယ်လေးများနှင့် နတ်ဘုရားနယ်မြေတို့အကြား ဆက်သွယ်မှုများက အလွန်နည်းပါးသည်။ အဆင့်နိမ့်နယ်မြေများက နတ်ဘုရားနယ်မြေ၏ သတင်းကို ရရှိရန် မဖြစ်နိုင်ပေ။
ထိုသို့ဖြစ်လာလေလေ နတ်ဘုရားနယ်မြေက အဆင့်နိမ့်နယ်မြေများမှ သိုင်းပညာရှင်များ၏
အမြင်တွင် အလွန်လျှို့ဝှက်ဆန်းကြယ်လာခဲ့၏။
YOU ARE READING
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)
Fantasy(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...