ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
Book(40)
Chapter-13
(တွေ့ဆုံပွဲ စတင်ခြင်း)
ရန်တုံက မှားယွင်းခြင်းမရှိပေ။
သူက ပြောင်းလဲမှုလျော့နည်းခြင်း ပညာရပ်ကို ဒဏ္ဍာရီလာအဆင့် ရောက်ရှိခါနီး အခြေအနေသို့ ကျင့်ကြံနိုင်ခဲ့ချိန်တွင် သူက နားလည်သဘောပေါက်မှု အသစ်များစွာကို ရရှိလာခဲ့ကြောင်း တွေ့ရှိခဲ့ရသည်။
အတိတ်တွင် သူက မှော်ဆေးပညာနှင့် ထိတွေ့ရုံသာရှိပြီး သူသတိမပြုမိသော အရာများစွာ ရှိနေခဲ့ပေ၏။
ယနေ့အချိန်၌ ထိုအရာများကို သူက ရုတ်တရက် သတိပြုမိလိုက်သည်။ စောစောလေးကပင် သူ၏ အခြေခံက မည်မျှအထိ မခိုင်မာသည်ကို သူက တွေ့ရှိသွားခဲ့၏။
ယီယွမ်က အဆင့်အမြင့်ဆုံးအဆင့် ဆေးလုံးများကို အလွယ်တကူ ဖော်စပ်နိူင်ခြင်းက တိုက်ဆိုင်မှုမဟုတ်ပေ။
ယီယွမ်က သူ့ကို တပည့်အဖြစ် လက်ခံရန် တောင်းပန်စဉ်က ပြောဆိုခဲ့သည့် စကားများက အမှန်တရားဖြစ်ကြောင်း ရန်တုံက အခုအချိန်မှသာ နားလည်သွားခဲ့သည်။
ယီယွမ်ခင်းထားပေးခဲ့သော လမ်းကြောင်းအတိုင်း ဆက်လက်လျှောက်လှမ်းမည်ဆိုလျှင် သူက ကမ္ဘာအသစ်တစ်ခုကို သေချာပေါက်
ရှာတွေ့မည်ဟု ရန်တုံက ယုံကြည်ပေ၏။အမှန်တကယ်တွင် လူအများစုအတွက် ဤသို့ပြုလုပ်ရခြင်းက အရေးမပါသော အင်အားစိုက်ထုတ်မှုတစ်ခု ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူတို့က ယီယွမ်ကဲ့သို့ ဆရာတစ်ယောက် မရှိကြ၍ ဖြစ်ပေ၏။
ယီယွမ်၏ ကိုယ်တိုင်ကိုယ်ကျ သရုပ်ပြသမှု မပါရှိလျှင် ရန်တုံက ဒဏ္ဍာရီလာအဆင့်၏ အနားသတ်ကို ထိတွေ့မိရန် မဖြစ်နိုင်ပေ။
ပြောင်းလဲမှုလျော့နည်းခြင်း ပညာရပ်က အခြေခံအကျဆုံးအဆင့် ဆေးဖော်စပ်ခြင်း ပညာရပ်တစ်ခုသာ ဖြစ်သည်။ ဆေးဖော်စပ်ခြင်း ပညာရပ်များ၏ အဆင့်မြင့်မားလာသည်နှင့် ဤအဆင့်သို့ ရောက်ရှိရန်မှာ စိန်ခေါ်မှုပိုမိုကြီးမားလာခဲ့၏။
VOCÊ ESTÁ LENDO
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)
Fantasia(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...