Chapter 491

1.2K 137 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(38)

Chapter-6

(ကစားခံရခြင်း)

"ဟားဟား… ကျုပ်က ကျင်းတစ်ကျင်း တူးနေတာပါ… ဒါပေမဲ့… အဲဒီကျင်းက ခင်ဗျားအတွက် တူးခဲ့တာပဲ….." ယီယွမ်က အပြုံးတစ်ခုဖြင့် ပြောဆိုလိုက်သည်။ သူက ကျင်းဖုန်း၏ ခြိမ်းခြောက်မှုကို စိတ်ထဲမထည့်ခဲ့ပေ။

"ဘယ်လောက်အထိ ထက်လိုက်တဲ့လျှာလဲ… ခဏနေရင် မင်းက ခေါင်းမာနိုင်ဦးမလားဆိုတာ ငါသိချင်မိတယ်….."

ကျင်းဖုန်း၏ လက်တွင် လက်ကိုင်ကွင်းပါသော ဆေဘာဓားကြီးတစ်လက် ရုတ်တရက် ပေါ်ပေါက်လာခဲ့၏။ သတ်ဖြတ်ခြင်း အငွေ့အသက်က လုံးဝပင် ဖုံးကွယ်၍မရခဲ့ဘဲ မိုးထိအောင် မြင့်တက်သွားခဲ့သည်။

အောက်ရှိ ထိုသိုင်းပညာရှင်များက ထိုပြင်းထန်သော သတ်ဖြတ်ခြင်းအငွေ့အသက်ကို ခံစားမိခဲ့ကြ၍ တစ်ယောက်ပြီးတစ်ယောက် နောက်ဆုတ်သွားခဲ့ကြ၏။

ကျင်းဖုန်းနှင့် မျက်နှာချင်းဆိုင်ရှိ ယီယွမ်က ထိုအငွေ့အသက်ကို လျစ်လျူရှုထားခဲ့သည်။ ကျင်းဖုန်း၏ သတ်ဖြတ်ခြင်းအငွေ့အသက်က ယီယွမ်ကို မည်သည့်သက်ရောက်မှုမှ မရှိစေခဲ့ဘဲ တိုက်ရိုက်ဖြတ်ကျော်သွားခဲ့၏။

ဤမြင်ကွင်းကိုမြင်သော် ကျင်းဖုန်း၏ မျက်နှာအမူအရာက ရုတ်တရက် လေးနက်သွားခဲ့သည်။

ကျင်းဖုန်းက မိုးသောက်မြို့၏ မြို့ပိုင်ဖြစ်လာခြင်းမှာ သူ၏ ကိုယ်ပိုင်ခွန်အားဖြင့် ဓားဓားချင်း လှံလှံချင်း တိုက်ခိုက်ခဲ့၍ ဖြစ်၏။

"ဒီလူငယ်လေးက အံ့မခန်း အစွမ်းထက်ပေမဲ့ စဉ်းစားဉာဏ် နည်းနည်းလေး
နိမ့်ကျနေတယ်… ကျင်းဖုန်းက သူ့ရဲ့ဘဝမှာ မရေမတွက်နိုင်တဲ့ လူတွေကို သတ်ပစ်ခဲ့တယ်… ဒီသတ်ဖြတ်ခြင်းအငွေ့အသက်က ပုံစံဖြစ်တည်လာတဲ့အဆင့်မှာ ရောက်ရှိနေခဲ့ပြီ… အဲဒါကြောင့် ယွီချင်နဲ့ လုံးဝကွာခြားတဲ့ အဆင့်မှာ ရှိနေတယ်….."

"ကျင်းဖုန်းက မိုးသောက်မြို့ရဲ့ မြို့ပိုင်ဖြစ်မလာခင်မှာ မရေမတွက်နိုင်တဲ့ လူတွေကို သတ်ခဲ့တယ်လို့ ငါကြားတယ်… အဲဒီအချိန်မှာ သူက အဆင့်(6) ပင်လယ်အသွင်ပြောင်းလဲခြင်းနယ်ပယ်မှာပဲ ရှိနေသေးပေမဲ့ သူ့လက်ထဲမှာ လက်ကိုင်ကွင်းပါတဲ့ ဆေဘာဓားကြီးကို ကိုင်ပြီးတော့ တစ်ယောက်တည်းနဲ့ အရင်မြို့ပိုင်ကို စိန်ခေါ်ခဲ့တယ်တဲ့… အရင်မြို့ပိုင်က အဆင့်(7) ပင်လယ်အသွင်ပြောင်းလဲခြင်းနယ်ပယ် ထူးချွန်သူတစ်ယောက်ပဲ… ကျင်းဖုန်းက သူ့ရဲ့ပြိုင်ဖက်ကို အဆင့်ကျော် တိုက်ခိုက်သတ်ဖြတ်ပြီးတော့ မြို့ပိုင်အသစ် ဖြစ်လာခဲ့တယ်… သူ့ရဲ့အင်အားက ဘယ်လောက်အထိ မြင့်မားလဲဆိုတာ မြင်တွေ့နိုင်တယ်လေ….."

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)Where stories live. Discover now