ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
Book(34)
Chapter-8
(ဓားကိုးချောင်းမှ တစ်ချောင်းပြန်ဖြစ်သွားခြင်း,လတစ်ခြမ်းခုတ်ပိုင်းခြင်း)
စင်အဆုံးနှင့် အတန်ငယ်ဝေးကွာသော ထောင့်ရှိမျှော်စင်ပေါ်၌ အသက်
အနည်းငယ်ကြီးနေသော လူနှစ်ယောက်က လက်ရှိအချိန်တွင် စင်ပေါ်မှ တိုက်ပွဲကြီးကို ကြည့်ရှုနေခဲ့ကြသည်။
လူတစ်ယောက်က နူးညံ့သိမ်မွေ့ပြီး ဘုရင်များ၏ ကြီးကျယ်ခမ်းနားသော အော်ရာအရှိန်အဝါကို ပိုင်ဆိုင်ထားပေ၏။ ထိုသူက အမှန်တကယ်ပင် ဒီဗိုင်းဖြတ်ကျော်ခြင်းနယ်ပယ် အထွတ်အထိပ်အဆင့် သိုင်းပညာရှင်တစ်ယောက် ဖြစ်သည်။
အခြားတစ်ယောက်၏ ခွန်အားက အနည်းငယ် နိမ့်ကျနေသော်လည်း အလယ်အလတ်အဆင့် ဒီဗိုင်းဖြတ်ကျော်ခြင်းနယ်ပယ် သိုင်းပညာရှင်တစ်ယောက် ဖြစ်ပေ၏။
ထိုသို့သော လူများက ပုံမှန်အားဖြင့် မြို့တော်တွင် အလွန်အဆင့်မြင့်သော ပုဂ္ဂိုလ်ကြီးများ ဖြစ်ကြသည်။
အကယ်၍ ရှောင်ချန်ဖုန်းသာ ဤနေရာ၌ ရှိနေခဲ့လျှင် ထိုနှစ်ယောက်က မြို့တော်တွင် လေကိုခေါ်ယူနိုင်ပြီး မိုးရွာစေနိုင်သည့် ပုဂ္ဂိုလ်ကြီးနှစ်ယောက် ဖြစ်သော ရှန့်ကွမ်မိသားစု၏ မိသားစုခေါင်းဆောင် ရှန့်ကွမ်ဝမ်လွေ့နှင့် ရွှယ်မိသားစု၏ မိသားစုခေါင်းဆောင် ရွှယ်ဟုန်ဖေးတို့ ဖြစ်ကြောင်းကို သေချာပေါက် မှတ်မိပေလိမ့်မည်။
"ဟုန်ဖေး… မင်းဘယ်လိုမြင်လဲ….." ရှန့်ကွမ်ဝမ်လွေက အဝေးမှ လှံအရိပ်များနှင့် ဓားအလင်းများကို ထက်ရှစွာကြည့်၍ မေးမြန်းလိုက်၏။
"ကျောက်ချန်ကန်းရဲ့ ခွန်အားက တစ်နေ့ပြီးတစ်နေ့ မြင့်မားလာတယ်… သူက လူမြင်ကွင်းမှာ သိုင်းကွက်တစ်ကွက်ကို ထုတ်ပြခဲ့တဲ့ နောက်ဆုံးအကြိမ်ကထက် အများကြီး ပိုသန်မာလာခဲ့ပြီ….." ရွှယ်ဟုန်ဖေးက ပြောဆိုခဲ့သည်။
"ငါမေးနေတာ အဲဒီဟာမဟုတ်ဘူး… ဂျိချင်က
စိတ်ဝိညာဉ်ရင်းမြစ်ကိုးခု ပြောင်းလဲခြင်းကို ပိုင်ဆိုင်ထားတဲ့ကိစ္စကို ပြောနေတာ… အဲဒါကို မင်းဘယ်လိုမြင်လဲ….." ရှန့်ကွမ်ဝမ်လွေက အေးအေးလူလူ ပြောဆိုလိုက်၏။
VOCÊ ESTÁ LENDO
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)
Fantasia(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...