ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
Book(32)
Chapter(6)
(မှားပြီးမှတ်မိခဲ့တယ်)
ဂျင်ဟွမ်းကျန်းက လေမြန်အစောင့်တပ်ဖွဲ့၏ အဆင့်မြင့် ခေါင်းဆောင် စိတ်ဝိညာဉ်ပင်လယ် နယ်ပယ် ထူးချွန်သူ တစ်ယောက်ဖြစ်သည်။ ဤရက်အနည်းငယ်အတွင်း အရှင်လေအင်ပါယာက စစ်သားများ စုဆောင်းနေခဲ့၏။ ပုံမှန်အားဖြင့် ထိုအရာက လေမြန်အစောင့်တပ်ဖွဲ့ မပါဝင်ဘဲ ပြီးဆုံးသွားမည့် အရာမဟုတ်ပေ။
ဂျင်ဟွမ်းကျန်း ခေါင်းဆောင်သော ဤတပ်ဖွဲ့က မကြာမီအချိန်အတွင်း ရှေ့တန်းသို့ ထွက်ရတော့မည် ဖြစ်ပေသည်။
စစ်သားများ တိုက်ပွဲထွက်ရာတွင် ဆေးလုံးများနှင့် လက်နက်ချပ်ဝတ်များက ပြတ်လပ်သွား၍ မရပေ။
အထူးသဖြင့် ဆေးလုံးများ ဖြစ်ပေ၏။ ထိုအရာများက တပ်ဖွဲ့တစ်ခုအတွက် အလွန်အရေးကြီးသည်။ ဆေးလုံးများ၏ စွမ်းရည်နှင့် အရည်အသွေးက သူတို့၏
တိုက်ပွဲတွင်း၌
အသက်ရှင်နှုန်းနှင့် စွမ်းဆောင်နိုင်မှုတို့ကို သက်ရောက်မှုရှိပေ၏။
လွန်ခဲ့သော
ရက်အနည်းငယ်၌ လေမြန်အစောင့်တပ်ဖွဲ့က မှော်ဆေးပညာရှင် အစည်းအရုံးထံမှ ဆေးလုံးအများအပြား ဝယ်ယူရန် မှာကြားထားခဲ့သည်။
ယနေ့က ထိုဆေးလုံးများကို လာယူရမည့်နေ့ ဖြစ်ပေ၏။
ဂျင်ဟွမ်းကျန်းက မှော်ဆေးပညာရှင် အစည်းအရုံးကို လာရောက်၍ ယန်ရှို့ကို ရှာဖွေခဲ့သော်လည်း တံခါးအပြင်ဘက်တွင် သူ၏တပည့်မှ တားဆီးမှုကို ခံလိုက်ရသည်။
"အို… လင်ယီမဟုတ်လား… မင်းက အခု ဘာလုပ်နေတာလဲ….."
ဂျင်ဟွမ်းကျန်းက ယန်ရှို့နှင့် မကြာခဏ တွေ့ဆုံလေ့ရှိပေ၏။ သူက ယန်ရှို့၏ အကြီးဆုံးတပည့် လင်ယီနှင့်ပါ အလွန်ရင်းနှီးပေသည်။
အကယ်၍ ယခင်အချိန်၌ ဆိုလျှင် လင်ယီက သူ့ကို ဂါရဝပြု၍ နှုက်ဆက်ခဲ့ပြီး ဖြစ်နေမည်မှာ သေချာလှပေ၏။ သို့သော် ယနေ့ သူ၏ခေါင်းကို မိုးပေါ်သို့မြှောက်ထားပြီး သူက မည်သည့်အရာကိုမှ မြင်တွေ့ခြင်းမရှိခဲ့ဟန်နှင့် တူနေခဲ့သည်။
ESTÁS LEYENDO
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)
Fantasía(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...