ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
Book(32)
Chapter(9)
(ဇနီးမယားကို ဆုံးရှုံးရသလို စစ်သည်များကိုပါ ဆုံးရှုံးခြင်း)
အချိန်များက တရွေ့ရွေ့နှင့် ကုန်ဆုံးလာခဲ့၏။ ကျောက်ချန်ကန်း၏
မျက်နှာက ပို၍ပင် နက်မှောင်လာခဲ့သည်။
သူက အချိန်ခြောက်နာရီကြာ ဒူးထောက်နေခဲ့ပြီးဖြစ်၏။
ချီရှားတောင်၏ တံခါးများက ပိတ်ထားဆဲသာဖြစ်သည်။ သူတို့အထဲမှ တစ်ယောက်တစ်လေမျှပင် လာရောက်နှုတ်ဆက်ခြင်း မရှိခဲ့ပေ။
သူက အဆင့်အတန်းမြင့်သော သတ္တမမင်းသားဖြစ်၏။ ချီရှားတောင်မှ လူအများက သူ့အား အလွန်အမင်း ပေါ့ပေါ့တန်တန် သဘောထားနေခဲ့ပုံရသည်။
ကျောက်ချန်ကန်းက အမှန်တကယ်ပင် ယခုအချိန်၌ မတ်တတ်ထရပ်ပြီး လေမြန်အစောင့်တပ်ဖွဲ့ကို စုစည်းကာ ထိုလူအားလုံးကို သတ်ဖြတ်ချင်နေခဲ့၏။
သို့သော် လေအင်ပါယာ၏ အသံကို ပြန်လည်
ကြားယောင်မိသောအခါ သူ၏စိတ်ထဲ၌ အေးစက်မှုကို ခံစားခဲ့ရပြီး ချက်ချင်းပင် ဒေါသမီးများကို ငြိမ်းသတ်လိုက်သည်။
တုတ်တစ်ချောင်း ယူလာပြီး အပြစ်ပေးရန် တောင်းဆိုခြင်းက သူတစ်ညလုံး စဉ်းစားပြီးချိန်၌ ရရှိလာခဲ့သည့် နာကျင်မှုအရှိဆုံး ဆုံးဖြတ်ချက်တစ်ခု ဖြစ်ပေ၏။
ဤနေရာသို့ မလာရောက်မီ သူက ကြိုတင်ပြင်ဆင်ထားခဲ့ပြီး ဖြစ်သည်။ ယနေ့ သူက မည်သို့ပင် အရှက်ခွဲ စော်ကားခံနေရပါစေ သူက ထိုအရာကို လက်သင့်ခံ ကျော်ဖြတ်ရပေမည်။
သို့သော် ထိုအရာက အမှန်တကယ် ဖြစ်လာသောအခါ သူက ကူရာကယ်ရာမဲ့စွာဖြင့် ထိုအရာက မည်မျှခက်ခဲသည်ကို လက်ခံလိုက်ရပေ၏။
"သတ္တမမင်းသားက ဒီနေရာမှာ နာရီအများကြီး ကြာအောင် ဒူးထောက်နေခဲ့တယ်… ကောင်းကင်က မကြာခင်အချိန်အတွင်းမှာ မှောင်မိုက်သွားတော့မယ်… အဲဒီအရှင်ရဲ့ စိတ်နေစိတ်ထားက အလွန်နူးညံ့တယ်လို့ ငါကြားဖူးတယ်… ချီရှားတောင်ပေါ်က အရှင် ဒီလောက်ထိ ဒေါသထွက်ရအောင် သူက ဘာလုပ်မိခဲ့တာလဲ….."
YOU ARE READING
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)
Fantasy(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...