ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
Book(34)
Chapter-3
(တော်တော်တုံးအတာပဲ)
ထူးချွန်သူကြီးနှစ်ယောက်က နှစ်ယောက်တစ်ယောက် တိုက်ခိုက်နေကြသော်လည်း ဂျိချင်ကို အနိုင်မရခဲ့ပေ။ သူတို့က အရှက်ရမှုကို ခံစားနေခဲ့ရသည်။
ပထမတန်းစားမိသားစုများမှ ထိပ်တန်းလက်ရွေးစင်များ ဖြစ်ကြ၍ သူတို့နှစ်ယောက်စလုံးတွင် အစွမ်းထက်သော လျှို့ဝှက်သိုင်းကွက်များ ကိုယ်စီကိုယ်ငှ ရှိနေကြပေ၏။
အနည်းငယ်မျှသော လူများကသာ သူတို့၏ လျှို့ဝှက်တိုက်ခိုက်မှုများ ထုတ်သုံးရန်အတွက် ဖိအားပေးနိုင်သည်။
ဟောင်ဝမ်ချိုးနှင့် ရွှယ်ကျစ်ဟဲတို့၏ လျှို့ဝှက်တိုက်ကွက်များက သူတို့အချင်းချင်းအတွက် သိမ်းဆည်းထားခြင်းဖြစ်၏။ သို့သော် ယခု သူတို့က ရွေးချယ်စရာမရှိတော့ဘဲ ထိုလျှို့ဝှက်တိုက်ကွက်များကို ယီယွမ်နှင့် ရင်ဆိုင်ရန်အတွက် တစ်ချိန်တည်းတွင် ပြိုင်တူထုတ်သုံးခဲ့ရသည်။
လက်ရှိအချိန်အထိ တိုက်ခိုက်ခဲ့မှုများကို ပြန်လည်သုံးသပ်ခဲ့ရာတွင် သာမန်နည်းလမ်းများက ဂျိချင်ကို မည်သို့မှ ထိခိုက်နိုင်မည်
မဟုတ်ကြောင်းကို သိလာခဲ့ကြ၏။
ဂျိချင်က အဆင့်(7) စိတ်သလင်းဖြစ်တည်ခြင်း နယ်ပယ်တွင်သာ ရှိနေသေးသော်လည်း သူ၏ အစစ်အမှန် တိုက်ခိုက်မှုစွမ်းရည်က သူတို့နှစ်ယောက်နှင့် အဆင့်တူအခြေအနေတွင် ရှိနေပေသည်။
မဟုတ်ပေ။ သူတို့ကို အသာစီးရသည်အထိ ပိုမိုမြင့်မားနေခဲ့၏။
အဘယ်ကြောင့်ဆိုသော် သူတို့နှစ်ယောက် ပူးပေါင်းတိုက်ခိုက်သည့် အင်အားက ယီယွမ်ကို လက်ရည်ညီတိုက်ခိုက်ရုံသာ ရှိနေခဲ့၍ ဖြစ်ပေသည်။
ဤကဲ့သို့ ကောင်းကင်၏အလိုကို ဆန့်ကျင်နေသည့် ဂျီးနီးယပ်တစ်ယောက်ကို သူတို့က စွမ်းရည်အကုန် မထုတ်သုံးဘဲ မည်သည့်အတွက် အနိုင်ယူနိုင်မည်နည်း။
KAMU SEDANG MEMBACA
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)
Fantasi(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...