ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
Book(37)
Chapter-14
(သူ့နာမည်က ယီယွမ်ပါ)
ရင်ယန်းဟွာနှင့် ကောထောင်ချွင်တို့က ယီယွမ်ကို ဖိတ်ခေါ်ခဲ့ကြခြင်းမှာ သူ၏ အလားအလာကို အရေးပေးကြလို၍ ဖြစ်သည်။
ယီယွမ်က ချင်ယန်းကို အနိုင်ယူနိုင်ခဲ့ခြင်းမှာ သူ၏ ခွန်အားက မည်မျှအထိ ကြီးမားသည်ကို လုံလောက်အောင် သက်သေပြခဲ့ခြင်း ဖြစ်၏။
ယီယွမ်၏ အသက်အရွယ်ဖြင့်ဆိုလျှင် အနာဂတ်တွင် သူ၏ အောင်မြင်မှုများက အကန့်အသတ်မဲ့ပင် ဖြစ်ပေမည်။ ထိုသို့သော လူတစ်ယောက်ကို စောစော
မိတ်ဖွဲ့ထားသင့်ပေသည်။ကောထောင်ချွင်က ပြန်ရောက်လာသည်ကို
မြင်သော် ရင်ယန်းဟွာ၏ ပတ်ဝန်းကျင်ရှိ အပူချိန်က များပြားသောပမာဏအထိ ထပ်မံကျဆင်းသွားခဲ့၏။ကောထောင်ချွင်၏ မျက်နှာက ပြောင်းလဲသွားခဲ့ပြီး သူက မျက်နှာလိုမျက်နှာရလုပ်လိုပုံနှင့် ပြောလိုက်သည်။ "ဟားဟား… နောက်တာပါ… နောက်လိုက်တာပါ… ငါတို့ ကောင်းကင်ဘုံသိုင်းပညာအဖွဲ့မှာ ဒီလိုအဖွဲ့ကြီးတစ်ခုကို နေရာပေးစရာ ဘယ်လိုလုပ်ပြီး နေရာရှိမှာလဲ….."
ရင်ယန်းဟွာက ကောထောင်ချွင်ကို ဂရုစိုက်ခြင်းမရှိဘဲ ယီယွမ်ကို ပြောဆိုခဲ့၏။ "ဂျူနီယာမောင်လေးယီရဲ့ အမြင်ကို အစ်မသိခွင့်ရှိမလား….."
လက်ရှိနေရာသို့ ရောက်လာကြသော လူအနည်းငယ်မှာ အဆုံးမဲ့ကမ္ဘာကြီး၏ လူငယ်မျိုးဆက်ကို ဦးဆောင်သူများ ဖြစ်ကြသည်။ သူတို့အားလုံးက လိမ္မာပါးနပ်သောသူများ ဖြစ်ပေ၏။
ဘေးတွင်ရပ်ကြည့်နေသော လူအနည်းငယ်က ငြိမ်သက်တိမ်တိုက်အဖွဲ့၏ ထိပ်ပိုင်းအကြီးအကဲများ ဖြစ်ကြသော်လည်း ဆုံးဖြတ်ချက်များကို ချမှတ်သူက သူတို့ရှေ့မှ ဤလူငယ်လေး ဖြစ်သည်။
ယီယွမ်က အချိန်အနည်းငယ်ခန့် စဉ်းစားလိုက်ပြီးမှ ရင်ယန်းဟွာကို ဖျော့တော့သော အပြုံးတစ်ခုဖြင့် ပြောလိုက်၏။ "ရေခဲတိမ်တိုက်မိန်းမပျိုရဲ့ ကောင်းမွန်တဲ့ ရည်ရွယ်ချက်အတွက် ကျေးဇူးအများကြီးတင်ပါတယ်… ဒါပေမဲ့ ပြောင်းရွှေ့တဲ့ နေရာအတွက်ကတော့ ကျွန်တော်တို့ ငြိမ်သက်တိမ်တိုက်အဖွဲ့က စီစဉ်စရာရှိတာတွေ စီစဉ်ထားပြီးပါပြီ….."
ESTÁS LEYENDO
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)
Fantasía(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...