ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
Book(39)
Chapter-2
(သူ့ကို စောင့်ခိုင်းလိုက်)
ငြိမ်သက်တိမ်တိုက်အဖွဲ့ အခြေတည်ရန်အတွက် အစောဆုံးအခြေအနေတွင် ကိစ္စပေါင်းတစ်ထောင်ခန့် ပြုလုပ်ရန် လိုအပ်ပေသည်။
သုံးရက်အတွင်း တစ်ဖက်တွင် ငြိမ်သက်တိမ်တိုက်အဖွဲ့ လူအားလုံးက လှည့်လည်သွားလာရန်ပင် အချိန်မရှိအောင် အလွန်အလုပ်ရှုပ်နေခဲ့၏။
အခြားတစ်ဖက်တွင် ငြိမ်သက်တိမ်တိုက်အဖွဲ့က ကောင်းကင်ဘုံမိစ္ဆာအဖွဲ့၏ လွှမ်းမိုးနိုင်သောနယ်မြေကို ထိန်းချုပ်ရန် လိုအပ်ပေသည်။ သူတို့က များစွာသော အဓိကနောက်လိုက်အင်အားစုများနှင့် ဆက်သွယ်ရန်လည်း လိုအပ်ပေသေး၏။
နောက်တစ်ဖက်တွင် အဖွဲ့အတွင်း၌ မောင်ယွမ်ကျိကြောင့် ဖြစ်ပေါ်လာခဲ့သော ပျက်စီးနေသည့် အခြေအနေတစ်ခု ရှိနေခဲ့သည်။ သူတို့က အသစ်တစ်ဖန် ပြန်လည်ပြုလုပ်ရမည့် အရာအများအပြား ရှိနေကြသေး၏။
မောင်ယွမ်ကျိ၏ စံအိမ်က နန်းတော်တစ်ခုနှင့် တူပေသည်။ ငြိမ်သက်တိမ်တိုက်အဖွဲ့ တပည့်များက နှံ့နှံ့စပ်စပ် ရှာဖွေလိုက်သောအခါ အလွန်များပြားသော ကိုယ်လုပ်တော်များကို တွေ့ခဲ့ရပြီး သူတို့တစ်ဦးချင်းစီက ပန်းလေးတစ်ပွင့်ကဲ့သို့ လှပပေ၏။
ဤအမျိုးသမီးများမှ အများစုကို မောင်ယွမ်ကျိက အတင်းအကြပ် သိမ်းပိုက်ထားခဲ့ခြင်း ဖြစ်သည်။ သူတို့က သူမတို့ကို လွှတ်ပေးလိုက်ကြ၏။
ယီယွမ်က ပုံမှန်အားဖြင့် ဤအရေးမပါသော ကိစ္စရပ်များကို စိတ်ပူခြင်းမရှိပေ။ သူက ကောင်းကင်ဘုံမိစ္ဆာအဖွဲ့၏ အဖွဲ့အကာအကွယ် မဟာဝင်္ကပါကို ပြန်လည်ပြင်ဆင်ပြီးနောက် တံခါးပိတ် ကျင့်ကြံသွားခဲ့သည်။
ကောင်းကင်ဘုံမိစ္ဆာအဖွဲ့၏ အဖွဲ့အကာအကွယ် မဟာဝင်္ကပါက ငြိမ်သက်တိမ်တိုက်အဖွဲ့၏ ယင်ယန်ရှုပ်ထွေးခြင်းကောင်းကင် မဟာဝင်္ကပါကို မယှဉ်ပြိုင်နိုင်သော်လည်း အခြေခံမှာ အဆင့်(4) အလယ်အလတ်အဆင့် မဟာဝင်္ကပါတစ်ခု ဖြစ်ပေ၏။
VOCÊ ESTÁ LENDO
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)
Fantasia(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...