ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
Book(37)
Chapter-4
(အတုအယောင်မှ အစစ်အမှန်ကို ခွဲခြားနိုင်စွမ်း မရှိခဲ့ခြင်း)
ယေဘုယျအားဖြင့် ပြောရမည်ဆိုလျှင် ယီယွမ်ကို သုတ်သင်ပြီးနောက် ယီယွမ်၏ သိုင်းကွက်ကလည်း ချက်ချင်း ပျောက်ကွယ်သွားရပေလိမ့်မည်။
သို့ရာတွင် ကောင်းကင်အနှံ့ ပြည့်နှက်နေခဲ့သော ပွင့်ဖတ်ပျံများက ပျောက်ကွယ်သွားမည့် အရိပ်အယောင် အနည်းငယ်ပင် ပြသခြင်းမရှိခဲ့ပေ။ ထိုအစား အရှိန်မြင့်လာခဲ့ပြီး လင်းချောင်ထံသို့ ဝင်ရောက်သွားခဲ့၏။
လင်းချောင်က ထိုအခြေအနေကိုမြင်သော် သူ၏ မျက်နှာအမူအရာက ကူရာကယ်ရာမဲ့စွာဖြင့် အကြီးအကျယ် ပြောင်းလဲသွားခဲ့ပေသည်။
ထိုသို့သော အခြေအနေတစ်ခုကို ဟဲမင်သဲက မျှော်လင့်မထားခဲ့၍ ကူရာကယ်ရာမဲ့စွာဖြင့် ထိတ်လန့်သွားခဲ့၏။
သူ၏ခန္ဓာကိုယ်က လှုပ်ရှားသွားခဲ့ပြီး မူလနေရာမှ ပျောက်ကွယ်သွားခဲ့သည်။
သို့ရာတွင် ထိုအရာက နောက်ကျသွားခဲ့ပြီ ဖြစ်၏။
နှောင်းပိုင်းအဆင့် စိတ်ဝိညာဉ်ပင်လယ်နယ်ပယ် သိုင်းပညာရှင်တစ်ယောက်၏ အမြန်နှုန်းက အလွန်မြန်ဆန်သော်လည်း သူက ယခုအချိန်မှ လှုပ်ရှားခဲ့ခြင်းမှာ ခြေတစ်လှမ်း နောက်ကျသွားခဲ့ပြီဖြစ်သည်။
ပွင့်ဖတ်အစုအဝေးများက လျင်မြန်စွာပင် လင်းချောင်ကို ဝန်းရံသွားခဲ့၏။
"အားးး… အဖွဲ့အရှင်သခင်… ကျွန်တော့်ကို ကယ်ပါဦး….."
စောစောလေးကပင် ဤသိုင်းကွက်၏ အစွမ်းကို အာရုံခံမိခဲ့ပြီး ဖြစ်သည်။ သို့သော် ယခု ထိပ်တိုက်တွေ့ဆုံမိခဲ့ချိန်တွင် ဤတိုက်ကွက်က မည်မျှ ကြောက်စရာကောင်းသည်ကို သူက နားလည်သွားခဲ့၏။
သူက မည်သည့် သိုင်းကွက်များ ထုတ်ဖော်စေကာမူ ပန်းပွင့်ဖတ်များ၏ ဝန်းရံမှုကို ဖျက်ဆီးရန် နည်းလမ်းမရှိခဲ့ပေ။
VOCÊ ESTÁ LENDO
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)
Fantasia(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...