ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
Book(40)
Chapter-5
(ဒါဆို အဲဒါက ဒီလိုပေါ့)
ကျောက်စိမ်းပြားများကို အသင့်ပြင်ထားခဲ့ပြီးဖြစ်သည်။ ယီယွမ်က ကျောက်စိမ်းပြားတစ်ခုကို သာမန်ကာလျှံကာ ကောက်ယူပြီး မေးခွန်းနံပါတ် ၁၃၆အတွက် အဖြေကို စတင်ရေးသားလိုက်ပေ၏။
ထိုသို့ရေးသားမှုက အချိန်အများကြီး မကြာမြင့်ခဲ့ပေ။ ယီယွမ်၏ ကျောက်စိမ်းပြားအတွင်း၌ ရေးသားမှုက မကြာမီအချိန်အတွင်း ပြီးဆုံးသွားခဲ့သည်။
ယီယွမ်က နှောင့်နှေးနေခြင်းမရှိဘဲ ချက်ချင်းပင် ဒုတိယမြောက် ကျောက်စိမ်းပြားကို ကောက်ယူ၍ စတင်ရေးသားလိုက်၏။
ဤမြင်ကွင်းကို မြင်သော် ချောင်ဖန့်က စိတ်ထဲ၌ အေးစက်စွာဖြင့် လှောင်ပြောင်နေခဲ့သည်။
မင်းက ကောင်းကင်ရဲ့အလိုကို ဆန့်ကျင်နေရင်တောင် အဲဒီမေးခွန်းဆယ်ခုစလုံးကို ဖြေဆိုနိုင်မှာလား…..
တကယ်လို့ ဖြေဆိုနိုင်ခဲ့မယ်ဆိုရင် ငါတို့ ချောင်မိသားစုက ဒီမေးခွန်းတစ်ထောင်နံရံကို တည်ဆောက်ထားခဲ့တာ ဟာသဖြစ်သွားမှာပေါ့…..
"လာကြစမ်း… အတိုင်ပင်ခံအဖွဲ့က အကြီးအကဲသုံးယောက်ကို ဒီနေရာလာဖို့ သွားဖိတ်လိုက်….." ချောင်ဖန့်က အမိန့်ပေးလိုက်၏။
ယီယွမ်က အရှက်ရလိုနေသည့်အတွက် သူ့ကို မျက်နှာပျက်အောင် လုပ်ပေးရပေမည်။
အကြီးအကဲသုံးယောက်က ယီယွမ်၏အဖြေကို ချက်ချင်းပယ်ချလိုက်ချိန်တွင် ယီယွမ်က မည်သို့ပြောဆိုမည်ကို သူက မြင်တွေ့ချင်ပေသည်။
မကြာမီပင် မှော်ဆေးပညာရှင်ဧကရာဇ် သုံးယောက်က အဓိကခန်းမအတွင်းသို့ ရောက်ရှိလာခဲ့ကြ၏။
ထို့ကြောင့် အဓိကခန်းမအတွင်း၌ မှော်ဆေးပညာရှင်ဧကရာဇ် လေးယောက်ရှိနေခဲ့ပြီဖြစ်သည်။ ထို့ပြင် အတိုင်ပင်ခံအဖွဲ့၌ အလယ်အလတ်အဆင့် မှော်ဆေးပညာရှင်ဧကရာဇ် တစ်ယောက်ပင် ရှိနေခဲ့၏။ ထိုသို့သောလူအင်အားက
လွန်ကဲသည်ဟူ၍ပင် သတ်မှတ်နိုင်ပေသည်။
YOU ARE READING
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)
Fantasy(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...