ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
Book(35)
Chapter-4
(ချက်ချင်းဝဋ်လည်ခြင်း)
လီအာက ကျောက်ထျန်းရင်ကို လုံးဝပင် လျစ်လျူရှုထားခဲ့သည်။
သူမက သူမ၏ နူးညံ့သွယ်လျသော လက်တစ်ဖက်ကို ဖြည်းဖြည်းချင်း ဆန့်ထုတ်ပြီး ယီယွမ်၏ ရင်ဘတ်ကို သူမ၏ လက်ဝါးဖြင့် အသာအယာ ဖိပေးလိုက်၏။
အလင်းစက်ဝန်းတစ်ခုက ယီယွမ်၏ ရင်ဘတ်ပေါ်တွင် ပျံ့နှံ့သွားခဲ့ပြီး ထိုအလင်းစက်ဝန်းက လူအများကို ငြိမ်းချမ်းသောခံစားချက်တစ်ခု ပေးစွမ်းနေခဲ့သည်။
လီအာက သူ့ကို လုံးဝပင် အာရုံမစိုက်သည်ကို မြင်သော် လေအင်ပါယာ၏ မျက်နှာက အနည်းငယ် ပျက်ယွင်းသွားခဲ့၏။ "ဟမ့်… မင်းပြောလိုက်တဲ့စကားက တော်တော်မောက်မာတာပဲ… ငါတို့ကို တကယ်ရန်စရဲတယ်ပေါ့… မင်းကသေသင့်ပါတယ်….."
ကျောက်ထျန်းရင်က လက်တစ်ဖက်ဖြင့် လက်ချောင်းတစ်ချောင်းကို လှုပ်ရှားလိုက်သည်။ အလင်းတန်းတစ်ခုက ချက်ချင်းပင် လီအာ၏ ရှေ့သို့ ရောက်ရှိသွားခဲ့၏။
သို့သော် ထိုအခိုက်အတန့်တွင် အလွန်ထူးဆန်းသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ထိုအလင်းတန်းက လီအာ၏ရှေ့သို့ ရောက်သွားခဲ့ချိန်တွင် မြင်ကွင်းထဲမှ အမှန်တကယ် ပျောက်ကွယ်သွားခဲ့၏။ သို့သော် လီအာလှုပ်ရှားသည်ကို မည်သူမှ မမြင်ခဲ့ကြပေ။
သူမက ကျောက်ထျန်းရင်၏ တိုက်ခိုက်မှုကို လုံးဝပင် ဂရုမစိုက်ဟန်ဖြင့် သူမ၏လက်က ယီယွမ်ရင်ဘတ်ကို ဖိနှိပ်ထားဆဲသာ ရှိပေသည်။
ကျောက်ထျန်းရင်၏ မျက်နှာက ပြောင်းလဲသွားတော့မည့် အချိန်တွင် ရုတ်တရက် သူ၏ ခန္ဓာကိုယ်မှ အမွေးအမျှင်များ အစွမ်းကုန်
ထောင်မတ်သွားခဲ့သည်ကို ခံစားလိုက်ရ၏။ ပြင်းထန်သော အန္တရာယ်အငွေ့အသက်တစ်ခုက နောက်မှ တိုက်ခိုက်လာခဲ့ပေသည်။
သူက နောက်သို့ အသာအယာ လှည့်လိုက်၏။ အလင်းတန်းတစ်ခုက လေဟာနယ်မှ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ ကျောက်ထျန်းရင်က ကပျာကယာပင် နောက်ထပ် လက်ချောင်းတစ်ချောင်းကို ထုတ်သုံးလိုက်၏။
YOU ARE READING
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)
Fantasy(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...