ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
Book(45)
Chapter-7
(အချိန်၁၀ရက်)
မိုးပြာရောင်နဂါးနှစ်ကောင်…..
ဤအချိန်တွင် ထွက်ပေါ်လာသော မိုးပြာရောင်နဂါးနှစ်ကောင်က ယခင်သုံးကောင်နှင့် ယှဉ်လိုက်လျှင် ပို၍သန်မာကြံ့ခိုင်နေခဲ့သည်။
အလွန်သိသာစွာပင် အထဲ၌ ပါဝင်သော အစစ်အမှန်နဂါး၏ ခွန်အားက ယခင်ကထက် ပို၍အစွမ်းထက်လာခဲ့၏။
ထိုမိုးပြာရောင်နဂါးနှစ်ကောင်ကို ရင်ဆိုင်ရာတွင် ယီယွမ်က သူ၏ ဦးရေပြား စပ်ဖျဉ်းဖျဉ်းဖြစ်သွားသော ခံစားချက်တစ်ခုကို ခံစားနေခဲ့ရသည်။
"မီးတောက်ရွေ့လျားမှု အစစ်အမှန်နဂါး အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း….."
ယီယွမ်၏ လက်သီးတစ်စုံက ဧရာမနဂါးကြီးများ ပင်လယ်များသို့ ဦးတည်သလို ဖြစ်နေခဲ့၏။ အနီရောင်နဂါးနှစ်ကောင်က ဟိန်းသံပေး၍ ထွက်ပေါ်လာခဲ့သည်။မီးတောက်ရွေ့လျားမှု အစစ်အမှန်နဂါး အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းက သတ္တမအလွှာ၌ ယီယွမ် နားလည်သဘောပေါက်ခဲ့သော နောက်ဆုံးတိုက်ခိုက်မှုဖြစ်၏။
ဤတိုက်ခိုက်မှုက ယီယွမ်၏ ခန္ဓာကိုယ်အတွင်းရှိ အစစ်အမှန်နဂါး၏ ခွန်အားနှင့် ပေါင်းစပ်ပြီး ယီယွမ်၏ မီးတောက်ရွေ့လျားမှု အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း၏ စွမ်းအားကို အဆပေါင်းများစွာ မြင့်တက်သွားစေခဲ့သည်။ ထိုအရာက စုစည်းထားသော သဘာဝစွမ်းအင်များ ပုံစံဖြစ်ပေါ်ခြင်းအဆင့်သို့ ရောက်ရှိနေခဲ့ပြီဖြစ်၏။
ချက်ချင်းပင် မိုးပြာရောင်နဂါးနှစ်ကောင်နှင့်အနီရောင်နဂါးနှစ်ကောင်က အတူတကွ ထိပ်တိုက်တွေ့ဆုံသွားခဲ့သည်။
ဝုန်းးး…..
ထိပ်တိုက်တွေ့မှုမှ နောက်ဆက်တွဲအားလှိုင်းများက နယ်မြေတစ်ခုလုံးကို တုန်ခါသွားစေခဲ့၏။
ဤနောက်ဆက်တွဲအားလှိုင်းများ၏ အောက်၌ အနက်ရောင်ဝတ်စုံဝတ် ပုဂ္ဂိုလ်က တောင်တစ်လုံးကဲ့သို့ ခိုင်မာမြဲမြံစွာ ရပ်တည်နေခဲ့သည်။ သို့သော် ယီယွမ်က နောက်သို့ ခြေလှမ်းများစွာ ဆုတ်ခွာခဲ့ရပြီးမှ သူ့ကိုယ်သူ တည်ငြိမ်အောင် ထိန်းချုပ်နိုင်ခဲ့၏။
YOU ARE READING
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)
Fantasy(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...