ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
Book(42)
Chapter-1
(တစ်မြို့လုံးသို့ အသိပေးထုတ်ပြန်ခြင်း)
ယီဟန်က ထိုသို့ပြောလိုက်သည်ကိုကြားသော် ရန်ဟုန်လင်က မည်သည့်စကားကိုမှ မပြောခဲ့တော့ပေ။
ရန်ဟုန်လင်၏စိတ်ထဲ၌ ရန်ရှင်းချွန်းကို မကျေမနပ် ဖြစ်နေခဲ့သော်လည်း မည်သို့ပင်ဆိုစေကာမူ သူမက ရန်ရှင်းချွန်း၏ သမီးဖြစ်သည်။
ဤကိစ္စက အလွယ်တကူ အဆင်ပြေချောမွေ့စွာဖြင့် ပြီးဆုံးသွားခဲ့သည့်အတွက် ရန်ဟုန်လင်က စိတ်ထဲ၌ အလွန်ပျော်ရွှင်သွားခဲ့၏။
"တကယ်တော့ ယီယွမ်ရဲ့ အဲဒီနေ့က စကားတွေကြောင့် အဖေက အကြီးအကျယ် တုန်လှုပ်သွားခဲ့တယ်… ဒီနှစ်ရက်မှာ အဖေက ငါ့ကို စကားပြောတဲ့လေသံက အရင်ကထက် အများကြီး ပိုကောင်းသွားပြီ… သူ့ရဲ့စကား အဓိပ္ပာယ်တွေ အမူအရာတွေအရ မင်းတို့နှစ်ယောက်အတွက် နောင်တရနေခဲ့ပြီ… သူ့ရဲ့ မာနကြောင့်ပဲ သူကမင်းတို့တွေကို လာမတွေ့ခဲ့တာပါ….." ရန်ယွီကျဲက ပြောလိုက်သည်။
ယီဟန်က သူ၏လက်ကို ခါယမ်း၍ ပြောဆိုခဲ့ပေ၏။ "အတိတ်က ကိစ္စတွေ ပြီးသွားခဲ့ပါပြီ… ဘာပဲဖြစ်ဖြစ် မြို့ပိုင်အရှင်သခင်က စီနီယာတစ်ယောက်ပဲ… ကျွန်တော်တို့က သူ့ကို ဘာလို့လာတောင်းပန်ခိုင်းရမှာလဲ….."
ရန်ယွီကျဲက ခေါင်းညိတ်၍ ပြောလိုက်သည်။ "ဒီအချိန်ကစပြီးတော့ ယောက်ဖမှာ ဘယ်လိုအစီအစဉ်မျိုးတွေ ရှိလဲဆိုတာ ငါသိလို့ရမလား….."
ယီယွမ်က ပြောခဲ့၏။ "ဟုန်လင်နဲ့ ကျွန်တော်က ဆွေးနွေးပြီးပါပြီ… အချိန်တစ်ခုကြာပြီးရင် ကျွန်တော်တို့က မဟာအကြီးအကဲ ကောင်းကင်မေပယ်နဲ့အတူတူ ငြိမ်သက်တိမ်တိုက်အဖွဲ့ကို ပြန်လိုက်သွားကြမှာပါ… အဲဒီနေရာက ယွမ်အာရဲ့အိမ်လေ… အဲဒါကြောင့် ကျွန်တော်တို့ရဲ့အိမ်ပါပဲ….."
ရန်ယွီကျဲက ခါးသီးစွာပြုံး၍ ပြောလိုက်သည်။ "မင်းတို့တွေက အဖေ့ကို စိတ်ထဲမှာ မကျေနပ်မှုတွေ ရှိနေသေးတာလား….."
BẠN ĐANG ĐỌC
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)
Viễn tưởng(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...