ပြိုင်ဘက်ကင်းဆေးနတ်ဘုရားဘာသာပြန်သူ-ဖြိုးသူဝင်း
Book(38)
Chapter-1
(လိပ်ပြာလေးတစ်ကောင်
ပိုးအိမ်ကိုဖောက်ထွက်လာခြင်း)
ပြင်းထန်သောမုန်တိုင်း ကမ္ဘာကြီးတွင် ယီယွမ်ဖြစ်စေခဲ့သော ပွက်လောရိုက်မှုက မည်မျှအထိ ကြီးမားသည်ကို ဟဲမင်သဲက မည်သို့သိရှိနိုင်မည်နည်း။
သူက ရှန့်ကွမ်ဝမ်လွေ့ နားလည်ရန်မျှော်လင့်၍ သူတတ်နိုင်သလောက် ရှင်းပြနေခြင်း ဖြစ်သည်။
အမှန်တကယ်တွင် ရှန့်ကွမ်ဝမ်လွေ့က သူ့ကို အစောကြီးကတည်းက အပြစ်တင်ခြင်းမရှိတော့ပေ။
သို့သော် ရှန့်ကွမ်ဝမ်လွေ့ကလည်း ဟဲမင်သဲကိုပြောမပြပေ။ ယီယွမ်က ဗဟိုမြို့တော်တွင် ပွက်လောရိုက်သွားစေသော ကိစ္စက အလွန်ဂုဏ်ယူစရာကောင်းသည့် ကိစ္စတစ်ခုမဟုတ်ပေ။
ရှန့်ကွမ်ဝမ်လွေ့က တစ်စုံတစ်ရာကို တွေးတောနေဟန်ဖြင့် စကားမပြောခဲ့တော့ပေ။
အချိန်အတန်ကြာသော် သူက ဖြည်းဖြည်းချင်း ပြောဆိုလိုက်၏။ "မင်းပြောလိုက်တာက… ငြိမ်သက်တိမ်တိုက်အဖွဲ့ရဲ့ အဖွဲ့အကာအကွယ် မဟာဝင်္ကပါက အဆင့်(5)တစ်ပိုင်းအဆင့် မဟာဝင်္ကပါလား….."
ဟဲမင်သဲက ကပျာကယာပင် ပြောခဲ့သည်။ "ဟုတ်ပါတယ်… သူလို ပင်လယ်အသွင်ပြောင်းလဲခြင်းနယ်ပယ် တစ်ယောက်က အဆင့်(5) တစ်ပိုင်းအဆင့် မဟာဝင်္ကပါကို ဘယ်လိုခင်းကျင်းနိုင်ခဲ့လဲ ဆိုတာကို အစေခံလည်း မသိခဲ့ပါဘူး… ဒါပေမဲ့ ကျွန်တော်တို့က အဲဒီ မဟာဝင်္ကပါကြောင့် အကြီးအကျယ် ဆုံးရှုံးခဲ့ရပါတယ်….."
ရှန့်ကွမ်ဝမ်လွေ့က ခေါင်းကိုအသာညိတ်ခဲ့ပြီး ယီယွမ်၏ မွန်းစတားဆန်မှုကို အများကြီး မအံ့ဩတော့ပေ။
"ဒီအချိန်အတောအတွင်းမှာ ငြိမ်သက်တိမ်တိုက်အဖွဲ့ကို တစ်ချိန်လုံး စောင့်ကြည့်ဖို့ လူတွေလွှတ်ထားရဲ့လား… သူတို့ကို လွှတ်ပေးလိုက်လို့ မရဘူး….." ရှန့်ကွမ်ဝမ်လွေ့က ပြောဆိုလိုက်၏။
ESTÁS LEYENDO
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)
Fantasía(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...