ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
Book(37)
Chapter-2
(ထျန်းယွီ၏ ဆုံးဖြတ်ချက်)
လူအင်အားများပြားပြီး အစွမ်းကြီးမားသည့် စစ်တပ်ကြီးကို ဟဲမင်သဲက ဦးဆောင်လျက် တံခါးများ၏ရှေ့တွင် ရောက်ရှိနေခဲ့သည်။ ကြီးမြတ်သောလူတစ်ယောက်၏ အငွေ့အသက်ကို အပြည့်အဝ ထုတ်ဖော်ပြသထားသည်မှာ သံသယရှိစရာပင် မလိုအပ်ပေ။
လင်းချောင်က စစ်တပ်ကြီးထဲမှ ရှေ့သို့ထွက်လာခဲ့၏။ သူက ငြိမ်သက်တိမ်တိုက်အဖွဲ့ရှိရာအရပ်သို့ အော်ပြောလိုက်သည်။ "ယီယွမ်… မိတ်ဆွေဟောင်း တစ်ယောက်က မင်းကိုတွေ့ဖို့ ဒီနေရာကို ရောက်လာတာတောင် မင်းက အပြင်ထွက်လာပြီးတော့ နှုတ်ဆက်စကား မပြောဘူးနော်… ဒါက ဧည့်သည်တွေကို ဆက်ဆံရတဲ့နည်းလမ်း မဟုတ်ဘူး….."
စကားအဆုံးတွင် လင်းချောင်က အလျင်မလိုဘဲ ယီယွမ်၏ တုံ့ပြန်စကားကို တိတ်ဆိတ်စွာဖြင့် စောင့်ဆိုင်းနေခဲ့၏။
လင်းချောင်၏ အော်ပြောသံကိုကြားသော် မိုယုထန်က အံ့သြစွာဖြင့် ပြောဆိုလိုက်သည်။ "ငါတို့က ဒီနေရာကို လျှို့ဝှက်ပြီးပြန်လာခဲ့တာလဲ… ခရမ်းနုရောင်စံအိမ်အဖွဲ့က မဟာဝင်္ကပါကို ညွှန်ကြားနေခဲ့တာက မင်းဆိုတာကို ဘယ်လိုလုပ်သိသွားခဲ့တာလဲ….."
ယီယွမ်ကလည်း အလွန်အံ့ဩသွားခဲ့၏။ သို့သော် သူကအလွန်မြန်ဆန်စွာပင် နားလည်သွားခဲ့ပြီး အပြုံးတစ်ခုဖြင့် ပြောခဲ့၏။ "ဟားဟား… ဒီလူကို စီနီယာအစ်ကိုမို ကောင်းကောင်း သိပါတယ်… အဲဒါက တကယ်ပဲ မိတ်ဆွေဟောင်းတစ်ယောက်ပါ….."
"ငါလည်းသိတယ်လား… မင်းပြောနေတာက… လင်းချောင်များလား….." မိုယုထန်ကလည်း နားလည်သွားခဲ့သည်။
ယီယွမ်က ပြုံး၍ ခေါင်းညိတ်ကာ ပြောဆိုလိုက်၏။ "အဲဒီလူက အကြံအစည်တွေ ပြည့်နှက်နေပြီးတော့ လျှို့ဝှက်နယ်မြေအတွင်းမှာ ကျွန်တော့်ရဲ့ စွမ်းဆောင်ရည်တွေကို မျက်မြင်ကိုယ်တွေ့ တွေ့ခဲ့ရတယ်လေ… သူက ကျွန်တော်ပြန်လာတယ်လို့ ခန့်မှန်းခဲ့မိတာက မထူးဆန်းတော့ပါဘူး….."
YOU ARE READING
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)
Fantasy(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...