ပြိုင်ဘက်ကင်းဆေးနတ်ဘုရားဘာသာပြန်သူ-ဖြိုးသူဝင်း
Book(40)
Chapter-1
(မင်းတို့အားလုံး ပေးဖို့မလောက်မှာကို စိုးရိမ်တယ်)
"ဒီကဆရာဘာလိုအပ်လဲဆိုတာ ကျွန်မသိလို့ရမလား… ဆေးလုံးတွေ၊ ချပ်ဝတ်တန်ဆာတွေ၊ ကျင့်ကြံခြင်းပညာရပ်တွေ၊ သိုင်းပညာရပ်တွေက ကျွန်မတို့ ထက်မြက်သောကျောက်စိမ်းဂေဟာမှာ အရာရာတိုင်းကို ရရှိနိုင်ပါတယ်….."
ယီယွမ်က ထက်မြက်သောကျောက်စိမ်းဂေဟာ အတွင်းသို့ ဖြည်းဖြည်းချင်း လျှောက်လာခဲ့သည်။ ထိုနေရာက အမှန်တကယ်ပင် သူ၏နာမည်နှင့် ထိုက်တန်ပေ၏။ ဤနေရာတွင် ပစ္စည်းများကို ခင်းကျင်းရန်အတွက် လှပသော အစီအရင်တစ်ခု တည်ဆောက်ထားခဲ့သည်။ ထိုအရာက တစ်စုံတစ်ယောက် လိုအပ်သော ပစ္စည်းအားလုံးကို ဤနေရာ၌ ရရှိနိုင်သည်ဟူ၍ အမှန်တကယ် ပြောဆိုနိုင်ပေ၏။
အပြင်လောကတွင် အလွယ်တကူ တွေ့မြင်ရခြင်းမရှိသော အရာများမှာ ဤနေရာတွင် ရှိနေခဲ့သည်။ သို့ရာတွင် ထိုပစ္စည်းများ၏ တန်ဖိုးက အလွန်မြင့်မားပေ၏။
ယီယွမ်က အထဲသို့ဝင်လာပြီး လှည့်လည်ကြည့်ရှုနေချိန်တွင် အလွန်လှပသော မိန်းကလေးတစ်ယောက်က သူ့ဆီသို့ လာရောက်နှုတ်ဆက်ခဲ့သည်။
ထိုစကားများတွင် ညှို့ယူသံအနည်းငယ် ပါဝင်နေခဲ့၏။
ဤမိန်းကလေးက ညှို့ဓာတ်ပညာရပ်များကို ကျင့်ကြံထားကြောင်း ယီယွမ်က သေချာအတည်ပြုနိုင်ပေသည်။ ထို့ပြင် သူမ၏ ဉာဏ်အလင်းများက နိမ့်ကျခြင်းမရှိပေ။
ဂေဟာသို့ ရောက်လာကြသော သာမန်လူများက ထိုအရာကို သတိထားမိခြင်း မရှိဘဲ ပစ္စည်းအချို့ကို ဝယ်ယူလိုစိတ် ပေါ်လာကြပေမည်။
ယီယွမ်၏ နတ်ဘုရားစိတ်ဝိညာဉ်က မျှော်လင့်မထားလောက်အောင် အစွမ်းထက်နေခဲ့ပြီဖြစ်၏။ သာမန် ညှို့ယူမှုစွမ်းရည်များက သူ၏ အာရုံစိုက်မှုကို မည်သည့်အတွက် ရရှိနိုင်မည်နည်း။
"ထက်မြက်သောကျောက်စိမ်းဂေဟာ အတွင်းမှာ အစွမ်းထက်ဆုံးအရာက မေးခွန်းတစ်ထောင်နံရံလို့ ငါကြားဖူးတယ်… ဒီတစ်ကြိမ်က ဝူဖန့်မြို့ကို ငါက ပထမဆုံးအကြိမ်အဖြစ် ရောက်လာတယ်ဆိုပေမဲ့ ငါက အဲဒီနာမည်ကြီးနေတဲ့ နံရံအတွက် ရောက်လာတာပဲ….." ယီယွမ်က ဖျော့တော့သော အပြုံးတစ်ခုဖြင့် ပြောဆိုလိုက်သည်။
KAMU SEDANG MEMBACA
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)
Fantasi(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...