ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
Book(35)
Chapter-12
(ဒေါသကို ထုတ်ဖော်ပြခြင်း)
မိန်ကျန်းနှင့်အခြားသူများက ထိုစကားကိုကြားသော် အသက်ကို ခက်ခက်ခဲခဲ ရှူသွင်းလိုက်ရသည်။ စိတ်ဝိညာဉ်ပင်လယ်နယ်ပယ် ပုဂ္ဂိုလ်တစ်ဒါဇင်ကျော်က တောင်ပိုင်းကုန်းမြေကို အမြစ်ပြုတ် သုတ်သင်နိူင်ပေ၏။
နံပါတ်တစ် အဖွဲ့ကြီးဟု ခေါ်ဆိုသော ကောင်းကင်ဘုံတိမ်တိုက်အဖွဲ့ပင် စိတ်ဝိညာဉ်ပင်လယ်နယ်ပယ် ပုဂ္ဂိုလ်များ အများအပြား မရှိခဲ့ပေ။
ခရမ်းနုရောင်စံအိမ်အဖွဲ့၏ အဖွဲ့အရှင်သခင် တစ်ဦးတည်းကပင် နှောင်းပိုင်းအဆင့် စိတ်ဝိညာဉ်ပင်လယ်နယ်ပယ် ပုဂ္ဂိုလ်တစ်ယောက် ဖြစ်သည်။
ဤတစ်ကြိမ်တွင်
တောင်ပိုင်းကုန်းမြေက ခရမ်းနုရောင်စံအိမ်အဖွဲ့၏ ကမ္ဘာကြီး ဖြစ်သွားခဲ့ပြီဖြစ်၏။
ယီယွမ်က ထိုစကားကို ကြားချိန်တွင် မျက်မှောင်ကုတ်သွားခဲ့ပြီး မေးမြန်းလိုက်သည်။ "အဖွဲ့အရှင်သခင်တို့ အားလုံးက….."
ကျန်းကျင့်က ပြောခဲ့၏။ "ခရမ်းနုရောင်စံအိမ်အဖွဲ့က အဖွဲ့ကြီးခုနှစ်ဖွဲ့ရဲ့ ထိပ်ပိုင်းအကြီးအကဲ အားလုံးကို ကောင်းကင်ဘုံတိမ်တိုက်အဖွဲ့ရဲ့ မျှော်စင်ထိပ်မှာ ထိန်းသိမ်းထားခဲ့တယ်… ပြီးတော့ သူတို့ကို စိတ်ဝိညာဉ်ပင်လယ်နယ်ပယ် ပုဂ္ဂိုလ်သုံးယောက်က စောင့်ကြပ်နေတယ်….."
လူတိုင်းက ထိုစကားကိုကြားသော် သူတို့အားလုံးက စိတ်သက်သာရာရသွားဟန်ဖြင့် သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ကြသည်။
သူတို့က အသက်ရှင်သန်နေဆဲ ဖြစ်သည်ဆိုလျှင် မျှော်လင့်ချက် ရှိပေသေး၏။
သို့သော် ဆက်ပြောလိုက်သော ကျန်းကျင့်၏ စကားများကို ကြားလိုက်ရသော် သူတို့၏ နှလုံးသားများက ကျောက်တုံးအောက်သို့ နောက်တစ်ကြိမ် ရောက်ရှိသွားခဲ့ကြသည်။ "ခရမ်းနုရောင်စံအိမ်အဖွဲ့က ဒီတစ်ကြိမ်မှာ အကျဉ်းသားအများကြီး ဖမ်းဆီးထားခဲ့တယ်… ကျွန်တော်ကြားတာတော့ သူတို့က နေ့စဉ်နေတိုင်း အကျဉ်းသားအများကြီးကို အဖွဲ့အရှင်သခင်တွေနဲ့ မဟာအကြီးအကဲတွေရဲ့ ရှေ့မှာ သတ်ပြကြတယ်တဲ့… ရည်ရွယ်ချက်ကတော့ သူတို့တွေ အညံ့ခံလာဖို့ပဲ… အဖွဲ့ကြီးခြောက်ဖွဲ့က ထိပ်ပိုင်းအကြီးအကဲတွေ တော်တော်များများ အညံ့ခံသွားခဲ့ကြပြီလို့ ကြားတယ်… မဟာအကြီးအကဲနဲ့ အဖွဲ့အရှင်သခင်တို့ အားလုံးက ဘယ်လောက်အထိ တောင့်ခံနိုင်မလဲဆိုတာကို ကျွန်တော်လည်း မသိပါဘူး….."
ESTÁS LEYENDO
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)
Fantasía(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...